Last day to register for High Impact Presentations! Register Now

ဟူဆိုင်မွန်နှင့် ဒေးကာနေးဂီတို့၏ဆက်ဆံရေးသည် လုပ်ငန်းမန်နေဂျာဘော့ဘ်ဆွိလဗ်နှင့် တစ်ဦးချင်းဆက်ဆံရေးအဖြစ်နှင့်သာ စတင်ခဲ့ပါသည်။ ဤကနဦးအတွေ့အကြုံအရ ဆွိလဗ်သည် စျေးကွက်ပြန်လည်တည့်မတ်ရေးကာလဖြစ်သော ထိုအချိန်တွင် ဒေးကာနေးဂီသင်တန်းမှ ဟူးဆိုင်မွန်အတွက် ပေးစွမ်းနိုင်သောတန်ဖိုးကို သတိပြုသိရှိခဲ့သည်။ ယင်းနောက်တွင် သူသည် မန်နေဂျာများအားလုံးကို အဖွဲ့မန်နေဂျာများအတွက် ဒေးကာနေးဂီဦးဆောင်မှုစွမ်းရည်မြှင့်သင်တန်းကို စတင်တက်ရောက်စေခဲ့သည်။ ဆွိလဗ်၏ပြောကြားချက်အရ မန်နေဂျာများအတွက် ဒေးကာနေးဂီဦးဆောင်မှုစွမ်းရည်မြှင့်သင်တန်းသည် ဦးဆောင်လွှမ်းမိုးခြင်းနိဿယများရော၊ ပိုမိုအောင်မြင်အောင် လုပ်ဆောင်နိုင်ရန်အတွက် လက်တွေ့ကိရိယာများကိုပါ ပေးစွမ်းခဲ့ပါသည်။ "အဲဒီသင်တန်းဟာ ကျွန်တော်တို့ရဲ့ မန်နေဂျာတွေကိုစီမံခန့်ခွဲမှု နည်းနိဿယတွေကို ပြင်ပလောကမှာပါ ကောင်းစွာအသုံးပြုနိုင်တဲ့ စွမ်းရည်ကို ရရှိစေခဲ့ပါတယ်။"

သူတို့ယခု မည်သို့အောင်မြင်နေကြသည်ကို ဖတ်ရန်

ယခုဆိုလျှင် ဒေးကာနေးဂီသင်တန်းသည် ကုမ္ပဏီတွင်းတွင် ပျံ့နှံ့လျက်ရှိပြီး အဖွဲ့ခေါင်းဆောင်များအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်ဖြစ်စေရန် ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ အရောင်းမန်နေဂျာ တစ်ယောက်အနေနှင့် ကာလိုပေစတာနာသည် သူ၏ကုမ္ပဏီတွင်း၊ ကုမ္ပဏီပြင်ပ ဝန်ထမ်းများအားလုံးကို ဒေးကာနေးဂီ အရောင်းအာသာချက်သင်တန်းကို တက်ရောက်စေခဲ့သည်။ ဟူးဆိုင်မွန်၏ ဒေးကာနေးဂီသင်တန်းများအပေါ် တစိုက်မတ်မတ် အားစိုက်ထုတ်မှုမှ ကောင်းကျိုးရလဒ်များသည် လက်ဆုပ်လက်ကိုင်ပြနိုင်သော အနေအထားရှိပြီး ကုမ္ပဏီအနှံ့လည်း ပျံ့နှံ့လျက်ရှိသည်။ ဒေးကာနေးဂီသင်တန်းများ စတင်သည့် ပထမနှစ်တွင်ပင် အလုပ်အမှုဆောင်နှင့် စီမံခန့်ခွဲရေး levelမှ ဝန်ထမ်းများနုတ်ထွက်မှုနှုန်း သိသိသာသာ ကျဆင်းသွားပြီး နောက်ပိုင်းတွင်လည်း ထိအြခြေအနေ၌ တည်ငြိမ်လျက်ပင်ရှိသည်။ ဆွိလဗ်၏ပြောကြားချက်အရ အသိသာထင်ရှားဆုံးကတော့ "လွန်ခဲ့တဲ့ ၃နှစ်အတွင်းမှာ ၃လကနေ နောက်၃လအတွင်းမှာကို ရောင်းအားတွေ တက်လာခဲ့ခြင်းပဲဖြစ်တယ်။

စိန်ခေါ်မှုများ

အင်မတန် ပြိုင်ဆိုင်မှုများပြားပြီး လျင်မြန်စွာ ပြောင်းလဲနေသောစျေးကွက်တွင် ပိုမိုသွက်လက်ကျွမ်းကျင်နေရန်နှင့် အချိန်တိုတိုအတွင်း အကျိုးများများရရှိရန် ဟူးဆိုင်မွန်ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းအတွက် လိုအပ်လာခဲ့သည်။ ဟူးဆိုင်မွန်အနေနှင့် ၎င်း၏ဝန်ထမ်းများကို မိမိတို့အတွက် စဉ်းစားလုပ်ဆောင်ကြစေရန်နှင့် ပိုမိုသွက်လက်စွာ ဖန်တီးဖော်ဆောင်နိုင်ပြီး လုပ်ပိုင်ခွင့်အာဏာပေးရန်လိုအပ်လာခဲ့သည်။

ဖြေရှင်းနည်းများ

ဟူးဆိုင်မွန်ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းအနေဖြင့် ၎င်း၏မန်နေဂျာများအားလုံးကို ဒေးကာနေးဂီ၏ မန်နေဂျာများအတွက် ဦးဆောင်မှုစွမ်းရည်မြှင့်သင်တန်းကို တက်ရောက်စေခဲ့သည်။ ထို့နောက်တွင် ယင်းလေ့ကျင့်ရေးသင်တန်းကို အရောင်းဌာနများထိပါ တိုးချဲ့ပြီး အရောင်းအဖွဲ့များအား ဒေးကာနေးဂီ၏ အရောင်းအားသာလျက်ရရှိရေးသင်တန်းကို စေလွှတ်သင်ကြားစေခဲ့သည်။

ရလဒ်များ

အကယ်၍သာ လွန်ခဲ့တဲ့ ၃နှစ်က ကျွန်တော်တို့ ဒေးကာနေးဂီသင်တန်းတွေကို မတက်ဖြစ်ခဲ့ဘူးဆိုရင် ယခုဆို ကျွန်တော် ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရလောက်မလဲ။ ဝန်ထမ်းနုတ်ထွက်မှုနှုန်းပိုများတာကို ကြံုတွေ့နေရမလား။ ဒါတကယ်ကို ဖြစ်နိုင်ပါတယ်။ ထိရောက်မှုအားနည်းတဲ့ မန်နေဂျာတွေ ရှိနေမလား။ သေချာတာပေါ့။ ကျွန်တော်ကတော့ ဒေးကာနေးဂီသင်တန်းကို ခိုင်ခိုင်မာမာကြီးကို ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူပေးနိုင်တဲ့ ရလဒ်မျိုး တခြားသင်တန်းတစ်ခုက ပေးနိုင်ပါ့မလားဆိုတာ ကျွန်တော် တပ်အပ်မပြောနိုင်လို့ပါ။ ဟု ဘော့ဘ်ဆွိလဗ်က ရှင်းပြပါသည်။

.

Hugh Symons - ကာလိုစ် ပေစတာနာ၊ အရောင်းမန်နေဂျာ
: