ကိုယ်ရေးလုံခြုံမှုမူဝါဒ

အထွေထွေ
"သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖော်ထုတ်ပြသရန်မလိုဘဲ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်အား ဝင်ရောက်ကြည့်ရှုသုံးစွဲနိုင်ပါသည်။ သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထည့်သွင်းသည်ဆိုပါကလည်း ကျွန်ုပ်တို့ဘက်မှ အောက်ပါအဖွဲ့များမှအပ အခြားမည်သူကိုမျှ ပြန်လည်၍ ရောင်းချခြင်း၊ ငှားရမ်းခြင်း (သို့) အသိပေးခြင်းပြုလုပ်သွားမည် မဟုတ်ပါကြောင်း စိတ်ချထားနိုင်ပါသည်။ --- (၁) တတိယပါတီ ဝန်ဆောင်မှုပေးသူများ။ သို့မှသာလျှင်လည်း သင်တောင်းဆိုထားသော ဝန်ဆောင်မှုများကို ပေးအပ်သွားနိုင်မည်ဖြစ်ပါသည်။ (၂) သင်စိတ်ဝင်စားလောက်မည်ဟု ကျွန်ုပ်တို့ယူဆသော ဝက်ဘ်ဆိုက်တွင်ပြုလုပ်လိုက်သည့် အပြောင်းအလဲများနှင့် အထူးပရိုမိုးရှင်းအစီအစဉ်များ အကြောင်း (သတင်းလွှာများ၊ ပြိုင်ပွဲများ၊ (သို့) အခမဲ့ subscription ဝန်ဆောင်မှုများစသည်) ကို သင့်ထံ အခါအားလျော်စွာ အီးမေးလ်များပေးပို့သွားမည် ဖြစ်ပါသည်။ အခြားသော အထူးပရိုမိုးရှင်းများ ရှိပါကလည်း သင်တို့ဆီ ပို့ပေးနိုင်ပါရန် ပရိုမိုးရှင်းပြုလုပ်သည့် ပါတနာများနှင့် ဝေမျှအသိပေးသွားပါမည်။ အကယ်၍ အခြားကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် သင်၏အီးမေးလ်လိပ်စာကို ဝေမျှခြင်းမပြုလုပ်လိုပါက အောက်ပါဖုန်းနံပါတ်ကို ခေါ်ဆို၍ အသိပေးအကြောင်းကြားနိုင်ပါသည်။ သင်၏ စာပို့ရန်လိပ်စာကို အွန်လိုင်းတွင်ဖော်ပြပါက ကျွန်ုပ်တို့ထံမှ ကုန်ပစ္စည်းအသစ်များ၊ ဝန်ဆောင်မှုအသစ်များနှင့် နောင်လာမည့်ပွဲအစီအစဉ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရံဖန်ရံခါ စာပို့ပေးသွားမည်ဖြစ်ပါသည်။ သင့်အနေနှင့် အဆိုပါစာပို့ခြင်းများကို မရယူလိုတော့ပါက  အောက်ပါဖုန်းနံပါတ်ကို ခေါ်ဆို၍ အသိပေးအကြောင်းကြားနိုင်ပါသည်။
ကျွန်ပ်တို့ကို ဖုန်းနံပါတ်များ အွန်လိုင်းတွင်ပေးထားပါက ကျွန်ုပ်တို့ထံမှ ကုန်ပစ္စည်းအသစ်များ၊ ဝန်ဆောင်မှုအသစ်များနှင့် နောင်လာမည့်ပွဲအစီအစဉ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရံဖန်ရံခါ ဖုန်းခေါ်ဆိုမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။ သင့်အနေနှင့် အဆိုပါ ဖုန်းခေါ်ဆိုမှုများကို လက်ခံမရယူလိုပါက  အောက်ပါဖုန်းနံပါတ်ကို ခေါ်ဆို၍ အသိပေးအကြောင်းကြားနိုင်ပါသည်။"
လက်ခံရရှိသော သတင်းအချက်အလက်များကို အသုံးပြုပုံ
ကိုယ်ရေးကိုယ်တာမဟုတ်သော အချက်အလက်---သင့်အား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးရန်အလို့ငှာ ကျွန်ုပ်တို့သည် မည်သူမည်ဝါဖြစ်ကြောင်း ပုဂ္ဂိုလ်ရေးအရ ရှာဖွေမတွေ့နိုင်သော်လည်း သင်၏ကွန်ပြူတာ (သို့) browser အား ခွဲခြားပြနိုင်သော အချက်အလက်များကို ရယူပါသည်။ ဤသည်တို့ကို ရှေ့အလားအလာများအား ဝေဖန်ဆန်းစစ်ရန်၊ ဝက်ဘ်ဆိုက်အား စီမံကြည့်ရှုရန်၊ ဝင်ရောက်ကြည့်ရှုသူများ၏ လှုပ်ရှားမှုခြေရာကောက်ရန်နှင့် စုပေါင်းအသုံးပြုရန်အလို့ငှာ ကျယ်ပြန့်သော ဒေသတွင်းဆိုင်ရာ အချက်အလက်များစုဆာင်းပါရန် IP address များနှင့် browser အမျိုးအစား၊ version၊ operating system များနှင့် platform များကို ခြေရာခံကောက်ယူပါသည်။ IP address များကို သင့်အား မည်သူမည်ဝါဖြစ်သည်ကို ခွဲခြား၍ရသော အချက်အလက်များနှင့် မချိတ်ဆက်ထားပါ။ စုပေါင်းအသုံးပြုရန် ဒေသတွင်းဆိုင်ရာအချက်အလက်---ဒေသတွင်းဆိုင်ရာအချက်အလက်များကို ကျွန်ုပ်တို့၏ တတိယပါတီပါတနာများနှင့် ဝေမျှအသုံးပြုကောင်းပြုနိုင်ပါမည်။ သို့သော် ထိုအချက်အလက်များသည် သင် (သို့) အခြားမည်သည့် သီးခြားလူပုဂ္ဂိုလ်ကိုမျှ မည်သူမည်ဝါဖြစ်ကြောင်းကို ခွဲထုတ်ပေးနိုင်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ချိတ်ဆက်မထားပါ။ ထို့ကြောင့် မည်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်ကိုမျှ ဤနည်းလမ်း၊ ဤပုံစံဖြင့် အခြားသူများထံ ဖော်ပြမထားပါချေ။     ဥပဒေဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဖော်ပြထားခြင်း---သင်၏ ကိုယ်ရေးကိုယ်တာနှင့် ကိုယ်ရေးကိုယ်တာမဟုတ်သော အချက်အလက်များကိုပါ တရားရုံးရေးရာ (သို့) အစိုးရရေးရာ ဆင့်ခေါ်စာများ၊ ဝရန်းများ သို့မဟုတ် အမိန့်ခေါ်စာများနှင့်အညီ အသိပေးဝေမျှသွားရန် လိုအပ်ကောင်းလိုအပ်လာနိုင်ပါသည်။ ယင်းကဲ့သို့ လုပ်ဆောင်ရန် လိုအပ်လာပါက ကျွန်ုပ်တို့သည် ဥပဒေအတိုင်း မလွဲမသွေပင်လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် ဤ ကိုယ်ရေးလုံခြုံမှုမူဝါဒပါ သတ်မှတ်ချက်များ ပါရှိလင့်ကစား တရားမဝင်လှုပ်ရှားမှုများ၊ မင်္သကာဖွယ်ရာ လိမ်လည်ကြံစည်မှုများ၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို ကိုယ်ထိလက်ရောက် ခြိမ်းခြောက်မှုအလားအလာရှိသော အခြေအနေများ (သို့) ဥပဒေနှင့် မကိုက်ညီသည့် အရာများကို ရှာဖွေစစ်ဆေးရန်၊ တားမြစ်ရန် (သို့) အရေးယူဆောင်ရွက်ရန် အလို့ငှာ သင်၏ ကိုယ်ရေးကိုယ်တာနှင့် ကိုယ်ရေးကိုယ်တာမဟုတ်သော အချက်အလက်များကို ကျွန်ုပ်တို့အနေဖြင့် အသုံးပြုခွင့်ရှိပါသည်။
ကိုယ်ရေးလုံခြုံမှုနှင့် အခြားဝက်ဘ်ဆိုက်များသို့ ချိတ်ဆက်ထားမှုများ
ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်တွင် ဒေးကာနေးဂီနှင့်ရောင်းရင်းများ ကော်ပိုရေးရှင်းနှင့် အခြားသော မသက်ဆိုင်သည့် တတိယပါတီ ဝက်ဘ်ဆိုက်များမှ ထုတ်လုပ်သော အခြားအခြားသော ဝက်စာမျက်နှာများသို့ ချိတ်ဆက်ထားရှိမှုများရှိပါသည်။ တတိယပါတီ ဝက်ဘ်ဆိုက်များ၏ ကိုယ်ရေးလုံခြုံမှုကျင့်သုံးမှုများအတွက် ကျွန်ုပ်တို့ တာဝန်မယူပါကြောင်း ကျေးဇူးပြု၍သတိချပ်ပါလေ။ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်မှထွက်ခွာပါက ဤအချက်ကို သတိပြုပါရန်နှင့် သင်၏ အခြားသော မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့် ပုဂ္ဂိုလ်ရေးရာအချက်အလက်များကို ရယူသော ဝက်ဆိုက်တိုင်း၏ ကိုယ်ရေးလုံခြုံမှုမူဝါဒများကို ဖတ်ရှုပါရန် သတိပေးတိုက်တွန်းလိုပါသည်။ ဤ ကိုယ်ရေးလုံခြုံမှုမူဝါဒကမူ ဤဝက်ဆိုက်နှင့်သာ သီးသန့်သက်ဆိုင်ပါသည်။
ပရိုမိုးရှင်းအီးမေးလ်များ
"ပရိုမိုးရှင်းအီးမေးလ်များဆက်လက်၍ မရရှိလိုတော့ပါက အီးမေးလ်အောက်ခြေတွင်ပါရှိသော unsubscribe လမ်းညွှန်ချက်များအတိုင်း ကျေးဇူးပြု၍ ဆောင်ရွက်ပါရန်။ လုပ်ဖော်ကိုင်ဖက်ထံ လက်ဆင့်ကမ်းပေးပို့ရန်
လုပ်ဖော်ကိုင်ဖက်ထံ လက်ဆင့်ကမ်းပေးပို့ရန် feature ကို အသုံးပြုပါက သင်၏သူငယ်ချင်းထံပေးပို့လိုသော အီးမေးလ်မတ်ဆေ့ကို သင်ပေးထားသော အီးမေးလ်လိပ်စာထံ သင်၏လမ်းညွှန်ချက်များအတိုင်း ကျွန်ုပ်တို့ အသုံးပြုသွားမည်ဖြစ်ပါသည်။ သင့်သူငယ်ချင်း/ အသိ၏ အီးမေးလ်လိပ်စာကို အခြားမည်သည့်ရည်ရွယ်ချက်နှင့်မျှ အသုံးပြုသွားမည်မဟုတ်ပါ။"
ဘလော့ဂ်
သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင့်လျော်သောနည်းလမ်းများဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။ လျော်ညီသောအကြောင်းပြချက်များနှင့် ခွင့်ပြုချက်ရရှိပြီးသားသူ တစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်မှုကို သင့်လျော်သော ရုပ်ပိုင်းဆိုင်ရာ၊ နည်းပညာဆိုင်ရာနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ အကဲဖြတ်မှုများနှင့် ကန့်သတ်ထားပါသည်။ Spam အန္တရာယ်၊ ခေါင်းစီးအကြောင်းအရာနှင့် မသက်ဆိုင်သော၊ ရိုင်းစိုင်းသော မှတ်ချက်ပေးမှုများမှကာကွယ်ရန် ဘလော့ဂ်များသို့ မတင်မီ မှတ်ချက်များအားလုံးကို ရှေးဦးစွာ ပြန်လည်သုံးသပ်ပါသည်။ ကျေးဇူးပြု၍ ခေါင်းစဉ်တစ်ခုလျှင် မှတ်ချက်ပေးမှု ၂ခုအထိသာ ပေးပါရန်နှင့် စာလုံးကြီးများနှင့်သာရေးသားခြင်းကို ရှောင်ကျဉ်ပါရန်။ ထို့အပြင် သီးသန့်လေ့ကျင့်ရေးကိစ္စရပ်များ၊ အတွေ့အကြုံများနှင့်သက်ဆိုင်သော မှတ်ချက်ပေးမှု အချို့ကို ဘလော့ဂ်သို့ မတင်ပေးဘဲ စားသုံးသူအကူအညီပေးသောအဖွဲ့ ထံသို့ လက်ဆင့်ကမ်းပေးသွားမည်ဖြစ်ကြောင်းကိုလည်း ကျေးဇူးပြု၍ သတိပြုပါရန်။
ဆက်သွယ်ရန်
"ဤ ကိုယ်ရေးလုံခြုံမှုမူဝါဒနှင့် ပတ်သက်၍ မေးခွန်းများ၊ သိလိုသည်များရှိပါက ကျွန်ုပ်တို့ကို အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။ Dale Carnegie & Associates, Inc.
780 Third Ave
New York, NY 10017
800.231.5800  (သို့)  [email protected] သို့ အီးမေးလ်ပေးပို့၍ ဆက်သွယ်နိုင်ပါသည်။"
ကိုယ်ရေးလုံခြုံမှုမူဝါဒပြင်ဆင်ခြင်း
ဤ ကိုယ်ရေးလုံခြုံမှုမူဝါဒကို ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ရက်တွင် နောက်ဆုံးပြောင်းလဲပြင်ဆင်ခဲ့ပါသည်။ ဒေးကာနေးဂီနှင့် ရောင်းရင်းများကော်ပိုရေးရှင်းသည် မည်သည့်အချိန်၌မဆို ပြန်လည် ကြည့်ရှုသုံးသပ်ထားသော လုံခြံုမှုမူဝါဒကို ဝက်ဘ်ဆိုက်ပေါ်တွင် တင်ခြင်းဖြင့် ဤမူဝါဒအား ပြုပြင်ပြောင်းလဲခွင့်ရှိပါသည်။ ကျွန်ုပ်တို့အခြားမည်သည့် ဖော်ပြချက်မျှ မပါရှိပါလျှင် လုံခြံုမှုမူဝါဒအားပြုပြင်သည့် သက်ရောက်နေ့စွဲ၏ နောက်ပိုင်းတွင် ကောက်ယူရရှိသော အချက်အလက်များကိုသာ သက်ရောက်မှုရှိမည် ဖြစ်ပါသည်။ မူပိုငျခှငျ့