Last day to register for High Impact Presentations! Register Now

သင့်ဝန်ထမ်းများကို စော်ကားရာမရောက်စေပဲ မှတ်ချက်ပေးခြင်း

ဤ eBook ၏ အကျိုးကျေးဇူး

ဒေးကာနေးဂီ သင်တန်း၏ Employee Engagement ဆိုင်ရာ လတ်တလော လေ့လာမှုတစ်ခုအရ အနီးကပ်ဆုံး အထက်လူကြီးနှင့် သူ ့အပြုအမူ၊ သဘောထားများ သည် အလုပ်တွင် ဝန်ထမ်းများ အလုပ်မြဲမှုကို အဓိက တွန်းအားပေးကြောင်း ဖော်ထုတ်ပြခဲ့ပါသည်။ မန်နေဂျာများသည် ချိတ်ဆက်မိပြီး ၀န်ထမ်းများကို ထိန်းသိမ်းလိုပါက နှိမ့်ချခြင်း၊ မုန်းတီးရန်လိုခြင်းများ မပါဘဲ အပြုသဘောဆောင်သော ဝေဖန်အကြံပေးမှုကို ပြုလုပ်ရပါမည်။ အတိုချုံးရလျှင် စကားဆို ပျားသကာသို ့ချိုလှစေ ပင်ဖြစ်ပါသည်။

သင်မည်သည်ကို သင်ယူရမည်

ဤ eBook သည် ပြတ်သားသော ပန်းတိုင်များတည်ထောင်ခြင်းမှစ၍ အပြုသဘောဆောင်သော မှတ်ချက်များ ပေးရန် အဖိုးတန်သော အကြံပြုချက်များပေးပါလိမ့်မည်။ အမှားများကို လျင်လျင်မြန််မြန်နှင့် စာစာနာနာ ကိုင်တွယ်ဖြေရှင်းရပါမည်။ ၄င်းတို ့သည် အမှားကျူးလွန်သူကို ကိုယ်စားမပြုပါ။ ဝန်ထမ်းများကို အဖြေရှာရာတွင် ပါဝင်စေပြီး အဖွဲ ့အတွက် သူတို့၏ အရေးပါမှုကို ပြသခြင်းဖြင့် သူတို ့နှင့် ချိတ်ဆက်ရန် နည်းလမ်းရှာပါ။

သင်ဘာ့ကြောင့်ဤ White Paper ကို လိုအပ်သည်

အနှစ်ချုပ် - အလုပ်မြဲခြင်း အမှားပြင်သောအခါတွင် အပြုသဘောဆောင်သော မှတ်ချက်ကိုပေးပါက ဝန်ထမ်းများသည် မန်နေဂျာက သူတို ့၏ အောင်မြင်မှုနှင့်ဖွံ ့ဖြိုးမှုအတွက် နှစ်မြှုပ်လုပ်ဆောင်နေကြောင်း နားလည်ကြပါသည်။ လူသစ်ရှာရန်မလိုရုံသာမက စိတ်ဓာတ်နှင့် ထုတ်လုပ်မှုကိုပါ မြှင့်တင်ပေးသော ခိုင်မာသော ယုံကြည်မှုကို ရရှိနိုင်ပါသည်။

သင်ဤ White Paper ကို မည်သို့အသုံးချနိုင်သည်

အမှားများနှင့် မပြေလည်မှုများကို ကိုင်တွယ်ဖြေရှင်းရသည်မှာ မန်နေဂျာများအတွက် ခက်ခဲနိုင်ပါသည်။ သို့သော် သင်သည် လူများကို အပြစ်မတင်ဘဲ ပြဿနာကိုသာ အာရုံစိုက်ပါက သင့်ဝန်ထမ်းများကို စိတ်ဓာတ်တက်ကြွပြီး ပူးပေါင်း ပါဝင်လာအောင် လုပ်နိုင်ပါသည်။ ဤသို ့တက်ကြွပါဝင်သော အဖွဲ ့ဝင်များကြောင့် သင်သည် ရည်မှန်းချက်များကို အောင်မြင်နိုင်ပါလိမ့်မည်။ သင့်အဖွဲ ့သည်လည်း နောင်လာမည့် ပန်းတိုင်များအတွက် စိတ်လှုပ်ရှား နေပါလိမ့်မည်။

သင့်ဝန်ထမ်းများကို စော်ကားရာမရောက်စေပဲ မှတ်ချက်ပေးခြင်း
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.
ယခုပင် ဒေါင်းလုဒ်ရယူရန်
: