Last day to register for High Impact Presentations! Register Now

Giant ကုမ္ပဏီ၏လိုအပ်ချက်များအတိုင်း အံဝင်ခွင်ကျဖြစ်အောင် စီစဉ်ပေးထားတဲ့ ဒေးကာနေးဂီသင်တန်းရဲ့ customized အစီအစဉ်အတိုင်း လိုက်နာကျင့်သုံးခဲ့ခြင်းကြောင့် Giantရဲ့ ပြောင်းလဲနေသော ဦးစားပေးအရာများကို လိုက်လျောညီထွေဖြစ်အောင် လုပ်ကိုင်တတ်ရန် တစ်ဦးချင်းစီကို ကူညီပေးခဲ့ပါသည်။ ထိုတစ်ဦးချင်းစီကို ၎င်းတို့၏ သက်တောင့်သက်သာရှိသော comfort zoneများမှ ရုန်းထွက်ရန် စိန်ခေါ်ဖို့နှင့် ၎င်းတို့၏ စာသင်ခန်းတွင်းသာမက အုပ်စုအချင်းချင်းများကြား၌ လုံခြုံစိတ်ချရသော အနေအထားဖြင့် လက်တွေ့လုပ်ငန်းတွင် တွေ့ကြံုရသော ပုံစံအမျိုးမျိုးတို့ကို မည်ကဲ့သို့ အလျင်အမြန်တုံ့ပြန်ရမည်ကိုပါ နည်းလမ်းပြသပေးခဲ့ပါသည်။ ဒေးကာနေးဂီသင်တန်းရဲ့ အကူအညီနှင့် Giant အစားအစာလုပ်ငန်းသည် ကုမ္ပဏီ၏ တည်ဆဲရည်မှန်းချက်နှင့်အောင်မြင်မှုများတွင် ဝန်ထမ်းများအားလုံး ပါဝင်နိုင်သော တူညီသည့်စီမံခန့်ခွဲမှု မျှော်မှန်းချက်နှင့် လုပ်ငန်းခွင်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါသည်။

သူတို့ယခု မည်သို့အောင်မြင်နေကြသည်ကို ဖတ်ရန်

ပြောင်းလဲမှုများစွာရှိခဲ့သော်လည်း တာဝန်ခံရာထူးများတွင်ကျန်ရှိနေခဲ့သော ဝန်ထမ်းအများစုမှာ ဒေးကာနေးဂီသင်တန်းဆင်းများပင် ဖြစ်ပါသည်။ အင်မတန်တက်ကြွကြသော ဒေးကာနေးဂီကျောင်းသားဟောင်းများသည် Giant အဖွဲ့အစည်း၏ မတူညီကွဲပြားသောအမြင်နှင့် သဘောထားများကို စုစည်းနိုင်ခဲ့ပြီး ယခင်ကရှိခဲ့ဖူးသော ကော်ပိုရိတ်နှင့် လုပ်ငန်းလည်ပတ်ရေးကဏ္ဍများကြားရှိ အဟန့်အတားများကိုလည်း ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ပါသည်။ ဝန်ထမ်းများ၏ တစ်ကိုယ်ရည်တိုးတက်မှုနှင့် ကျွမ်းကျင်အတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးအပေါ်တွင် ထားရှိသော ကုမ္ပဏီ၏ ဦးတည်ချက်သည် ၎င်းဝန်ထမ်းများအတွက် ဂုဏ်ယူဝင့်ကြွားလိုစိတ် ဖြစ်ပေါ်စေခဲ့ပါသည်။

စိန်ခေါ်မှုများ

ထို့နောက်တွင်မူ စီမံခန့်ခွဲမှု ပူးပေါင်းခြင်း၏ ကျပ်တည်းသောအချိန်ကာလကျရောက်လာခဲ့ပြီး Giant ၏ နှစ်ရှည်ဝန်ထမ်းများများစွာ နုတ်ထွက်သွားခဲ့ကြကာ အခြားသော ဝန်ထမ်းအချို့မှာလည်း အောက်ခြေဝန်ထမ်းလျှော့ချခြင်း၏ အကျိုးသက်ရောက်မှုများကို ခံစားခဲ့ကြရသည်။ Giant ၏ လေ့ကျင့်ရေးမန်နေဂျာဖြစ်သော နန်စီခရီဆာဖူလီ၏ ပြောကြားချက်အရ "ကုမ္ပဏီမှာ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတအရမ်းကြွယ်ဝတဲ့ ထူးချွန်အော်ပရေတာတွေရှိပါတယ်။ ဒါပေမယ့် ခေါင်းဆောင်မှုအတွေ့အကြံုကတော့ နည်းနေကြသေးတယ်။ " စိတ်ဖိစီးမှုတွေနဲ့ မသေချာမရေရာမှုတွေဟာ Giant ရဲ့ စွမ်းဆောင်ချက်စံနှုန်းထားတွေကို လျော့နည်းလာစေပြီး ကုမ္ပဏီကိုလည်း စီမံခန့်ခွဲမှု ရာထူးနေရာတွေအတွက် အရည်အချင်းပြည့်မီတဲ့ ဝန်ထမ်းတွေရှာဖို့ စိန်ခေါ်မှုတွေ ဖြစ်လာပါတော့တယ်။

ဖြေရှင်းနည်းများ

Giant ရဲ့ ပြောင်းလဲလျက်ရှိသော ဦးစားပေးအရာများနဲ့ ကိုက်ညီအောင် ဒေးကာနေးဂီသင်တန်းက သင်ရိုးတည်ဆောက်ပုံကို ပြင်ဆင်ဖန်တီးပေးခဲ့ပါသည်။ စာသင်ခန်းတွင်း သင်ယူလေ့လာမှုနှင့် လုပ်ငန်းခွင်လက်တွေ့လေ့လာမှုကို တစ်လှည့်စီ ပြုလုပ်စေခြင်းဖြင့် Giant ဝန်ထမ်းများအား ၎င်းတို့ သင်ယူခဲ့ပြီးသော နည်းနိဿယများကို နေ့စဉ်လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရန်၊ ထိုမှတစ်ဆင့် ပို၍မျှတလွတ်လပ်သော စီမံခန့်ခွဲမှုနည်းလမ်းကို ဆောင်ရွက်နိုင်ရန် ပြင်ဆင်ပေးနိုင်ခဲ့ပါသည်။

ရလဒ်များ

ထိုသင်တန်းသည် Giant လုပ်သားစုအတွက်တော့ တည်မြဲတဲ့ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ Giant အဖွဲ့အစည်း၏ မတူညီကွဲပြားသောအမြင်နှင့် သဘောထားများကို စုစည်းနိုင်ခဲ့ပြီး ယခင်ကရှိခဲ့ဖူးသော ကော်ပိုရိတ်နှင့် လုပ်ငန်းလည်ပတ်ရေးကဏ္ဍများကြားရှိ အဟန့်အတားများကိုလည်း ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ပါသည်။ မန်နေဂျာများကလည်း မိမိတို့ ကိုယ်ပိုင်ယုံကြည်ချက်နှင့် မိမိကိုယ်ကို သတိပြုမိလာခြင်း တိုးတက်လာသည့်အလျောက် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်လာပြီး အချင်းချင်းယုံကြည်မှု၊ လေးစားမှုနှင့် လုပ်ပိုင်ခွင့်များအပေါ် အခြေခံသော ဓလေ့ထုံးတမ်းတစ်ခုမွေးမြူခြင်းဖြင့်လည်း ဆက်ဆံရေး၌ ပိုမိုအောင်မြင်လာကြသည်။ အကျိုးရလဒ်အနေနှင့် Giant အစားအစာလုပ်ငန်းသည် ကုမ္ပဏီ၏ တည်ဆဲရည်မှန်းချက်နှင့်အောင်မြင်မှုများတွင် ဝန်ထမ်းများအားလုံး ပါဝင်နိုင်သော တူညီသည့်စီမံခန့်ခွဲမှု မျှော်မှန်းချက်နှင့် လုပ်ငန်းခွင်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါသည်။

စားသောက်ကုန်ရောင်းချမှုလုပ်ငန်းတွင် ဘဝနေထိုင်မှုအရည်အသွေးသည် အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်ပါသည်။ ဒေးကာနေးဂီသင်တန်းကတော့ ကျွန်မတို့ဝန်ထမ်းတွေကို ဘက်မျှအောင် ဆောင်ရွက်တတ်ရန် ကူညီပေးသောသော့ချက်တစ်ခုပဲဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဆိုင်တွေမှာ မတူတော့တာတွေကို သင်မြင်နိုင်၊ ကြားနိုင်ပါတယ်။ စိတ်ဖိစီးမှုlevel လည်း လျော့သွားတယ်။ လူတွေကလည်း ပြံုးနေကြတယ်။ ဖောက်သည်တွေကိုလည်း ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံနေကြတယ်လေ။

Giant - နန်စီ ခရသ်ဆာဖူလီ၊ Giant စားသောက်ကုန်လုပ်ငန်း၊ သင်တန်းပို့ချမှုမန်နေဂျာ
: