Last day to register for High Impact Presentations! Register Now

မန်နေဂျာများအတွက် ဒေးကာနေးဂီ၏ ဦးဆောင်မှုသင်တန်းသည် လုပ်ငန်းဒါရိုက်တာများကို လုပ်ငန်းကြီးထွားတိုးချဲ့ခြင်းအပေါ် အာရုံစူးစိုက်ထား လုပ်ဆောင်စေခြင်းဖြင့် ၎င်းတို့၏ စီမံခန့်ခွဲမှု အရည်အချင်းများကို ပိုမိုအားကောင်းလာအောင် ပြုစုပျိုးထောင်ပေးရန် စီစဉ်အကောင်အထည်ဖော်ထားသော သင်တန်းဖြစ်ပါသည်။ ထို့အပြင် သင်တန်းသား၏ လိုအပ်ချက်အလိုက် ပြင်ဆင်ထားရှိပေးသော ရုံးတွင်းရောင်းချခြင်းဆိုင်ရာသင်တန်းဆိုလျှင်လည်း Fabric ဗိသုကာအဖွဲ့ကို ကိုယ်ပိုင်ယုံကြည်မှုတိုးပွားလာစေခြင်း၊ ၎င်းတို့၏ ဖြေရှင်းနည်းများကို စိတ်အားထက်သန်စွာ တင်ဆက်ပြောဆိုလာနိုင်စေခြင်း၊ စကားဝိုင်းများကို လွှမ်းမိုးလာနိုင်ခြင်းနှင့် ရောင်းချခြင်းများအား ပိုမိုလုပ်ဆောင်လာနိုင်ခြင်း စသည်တို့ကို ဖော်ဆောင်အသက်သွင်းပေးခဲ့ပါသည်။ အဆိုပါ ပြောင်းလဲခြင်းများဆက်လက်၍ ဖြစ်တည်လာသည်နှင့်အမျှ အဓိကအရေးပါသောဝန်ထမ်းများကို ဒေးကာနေးဂီ၏ ထိရောက်သော ဆက်သွယ်ပြောဆိုခြင်းနှင့် လူမှုဆက်ဆံရေးသင်တန်းများ တက်ရောက်ရန် ရွေးချယ်စေလွှတ်ခဲ့ပါသည်။ ထိုသင်တန်းသည် ၎င်းဝန်ထမ်းများအား လူမှုဆက်ဆံရေးအရည်အချင်းများကို ဖန်တီးခိုင်မာလာစေရန်နှင့် တစ်ချိန်တည်းမှာပင် အမြန်နှုန်းဖြင့် အမြဲတစေပြောင်းလဲလျက်ရှိသော လုပ်ငန်းခွင်ရှိ ၎င်းတို့၏ ရာထူးအဆင့်များအတိုင်း စီမံခန့်ခွဲမှုများ လုပ်ဆောင်စေခဲ့ပါသည်။

သူတို့ယခု မည်သို့အောင်မြင်နေကြသည်ကို ဖတ်ရန်

မန်နေဂျာများအတွက် ဦးဆောင်မှုသင်တန်းနှင့် ပိုမိုထိရောက်သော လုပ်ငန်းလုပ်ဆောင်ပုံရရှိရန် ဖိအားပေးမှုများအရ ရာထူးအဆင့်ခြားနားမှုနည်းပါးသည့် တည်ဆောက်ပုံအဖြစ် ကုမ္ပဏီကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး စားသုံးသူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသော ဝန်ထမ်းများကို ရောင်းချခြင်းအလုပ်အပြင် အခြားလုပ်ငန်းများကိုပါ ဆောင်ရွက်စေခဲ့သည်။ ရောင်းချခြင်းအားသာချက်ပရိုဂရမ်ကြောင့် ပြီးခဲ့သည့်နှစ်တွင် ကုမ္ပဏီ၏ရောင်းချမှုနှုန်း ၂၆% တိုးမြင့်လာခဲ့သည်။ ဒေးကာနေးဂီ၏ ထိရောက်သော ဆက်သွယ်ဆက်ဆံရေးနှင့် လူမှုဆက်ဆံရေးသင်တန်းကြောင့် ဝန်ထမ်းများသည် ယခုအချိန်တွင် အခြားသူများနှင့် တွဲဖက်လုပ်ဆောင်ကာ ပြဿနာများကိုဖြေရှင်းခြင်း၊ ၎င်းတို့၏ဦးဆောင်မှုအပိုင်းတွင် ပို၍ အာရုံစူးစိုက်လုပ်ဆောင်လာခြင်းနှင့် အခြေအနေအရပ်ရပ်တိုင်းတွင် စိတ်အားထက်သန်စွာနှင့် ယုံကြည်ချက်ပြည့်ဝစွာ တင်ပြပြောဆိုတတ်လာခြင်းတို့ ဖြစ်ပေါ်လာခဲ့ပါသည်။

စိန်ခေါ်မှုများ

လုပ်ငန်းဆက်လက်တိုးချဲ့ရန်အတွက် အဖွဲ့အစည်း၏ ဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲရန်လိုအပ်မည် ဖြစ်ကြောင်း Fabric ဗိသုကာ၏ စီနီယာစီမံခန့်ခွဲသူများက နားလည်သတိပြုမိခဲ့ကြသည်။ ဒေးကာနေးဂီသင်တန်းဆင်းဖြစ်သော ဒါရိုက်တာ ဒေဘရာဒရူးသည် ယင်းကဲ့သို့ လျင်မြန်သောပြောင်းလဲမှုများ ဖြစ်နေချိန်တွင် လက်ရှိလုပ်ငန်းလည်ပတ်နေခြင်းကို မထိခိုက်စေဘဲ ယင်းအဖွဲ့အား ကောင်းစွာသောကူညီပံ့ပိုးမှုများကို ပေးစွမ်းချင်ခဲ့သည်။

ဖြေရှင်းနည်းများ

အစပိုင်းတွင်တော့ ဒါရိုက်တာများအနေနှင့် လုပ်ငန်းတိုးချဲ့ရာတွင် ပိုမိုအာရုံစိုက်လုပ်ဆောင်နိုင်ရန်အလို့ငှာ မန်နေဂျာများ၏ စီမံခန့်ခွဲမှုအရည်အချင်းများတိုးတက်လာစေရေးအတွက် ဦးဆောင်မှုစွမ်းရည်မြှင့်သင်တန်းကို မန်နေဂျာ ၃ယောက်အား တက်ရောက်စေခဲ့သည်။ ထို့နောက်တွင် မိမိကိုယ်ကို ယုံကြည်မှု တိုးတက်လာစေရန်နှင့် မိမိတို့၏ဖြေရှင်းနည်းများကို တင်ပြပြောဆိုနိုင်ရန်အတွက် customized ရောင်းချခြင်းအားသာချက်ရရှိရေးသင်တန်းကို စားသုံးသူနှင့် တိုက်ရိုက်ဆက်ဆံရသောအဖွဲ့အား တက်ရောက်စေခဲ့ပါသည်။ ထို့နောက်တွင် ထိရောက်သော ဆက်သွယ်ဆက်ဆံရေးသင်တန်းကို ဝန်ထမ်း(၄)ယောက်အား ရွေးချယ်သင်ယူစေခဲ့ပါသည်။ ဤသည်တို့သည်လည်း လူမှုဆက်ဆံရေးအားကောင်းလာစေရန် ပံ့ပိုးကူညီပေးခဲ့သည်။

ရလဒ်များ

လုပ်ငန်းလည်ပတ်မှုကို ထိခိုက်မှုအနည်းဆုံးဖြင့် ဖွဲ့စည်းတည်ဆောက်ပုံအား အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည်။ တင်သွင်းသူ Supplier များနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ပြီးနောက်တွင် တစ်ဆင့်ခံကန်ထရိုက်တာဦးရေ ရ၀%အထိ မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင်လည်း ရောင်းအား ၂၆% မြင့်တက်မှုအောင်မြင်ခဲ့သေးသည်။ စားသုံးသူဦးစားပေးစနစ်သို့ ပြောင်းလဲလိုက်ခြင်းကြောင့် အဆိုတင်သွင်းပြုများကို အတည်ပြုမှုနှုန်း ၂၃% ပိုမိုများပြားလာခဲ့သည်။

“Fabric Architecture သည် အောင်မြင်စွာရပ်တည်နေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ဒေးကာနေးဂျီ နှင့် ပူးပေါင်း လုပ်ဆောင်ခြင်း အားဖြင့် ကျွန်တော်တို့ ဝန်ထမ်းတွေက ကျွန်ုပ်တို့လိုအပ်တဲ့ ရလဒ်များကို ယူဆောင်ပေးနို်င်တယ်ဆိုတာ ယုံကြည်ပါတယ်။”

Fabric Architecture -
: