Last day to register for High Impact Presentations! Register Now

မန်နေဂျာများအတွက် ဦးဆောင်မှုလေ့ကျင့်ရေးသင်တန်းသည် စီနီယာမန်နေဂျာများ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်ရေးစွမ်းရည်များ ပိုမိုတိုးတက်လာခဲ့ပြီး ပရောဂျက်များကို စီမံခန့်ခွဲခြင်း၊ လုပ်ငန်းတာဝန်များ ခွဲဝေပေးခြင်း၊ လက်အောက်ငယ်သားများအား လုပ်ပိုင်ခွင့်ပေးခြင်းတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ပေးလိုက်သည်။ စီနီယာမန်နေဂျာများရော၊ အလယ်ပိုင်းမန်နေဂျာများပါ တက်ရောက်နိုင်သည့် ဒေးကာနေးဂီသင်တန်းသည် သင်တန်းသားတစ်ဦးချင်းစီ၏ မိမိကိုယ်ကိုယုံကြည်ချက်နှင့် ဆက်သွယ်ဆက်ဆံရေးစွမ်းရည်များ တိုးပွားလာစေရန် ဇောက်ချဆောင်ရွက်ပါသည်။ ဒေးကာနေးဂီ၏ လက်တွေ့ဆန်သော၊ အဖွဲ့နှင့်ဆောင်ရွက်ရသော သင်တန်းပို့ချနည်းသည် ခေါင်းဆောင်မှုအဖွဲ့အသစ်ကိုလည်း ပို၍ စည်းလုံးသွားစေသကဲ့သို့ပင် ကုမ္ပဏီအတွက် လုပ်ငန်းဆောင်တာပန်းတိုင်များ ချမှတ်ရာတွင် ပို၍အာရုံစိုက်လုပ်ကိုင်စေနိုင်ခဲ့သည်။

သူတို့ယခု မည်သို့အောင်မြင်နေကြသည်ကို ဖတ်ရန်

လုပ်ငန်းဆောင်တာများကို အတူတကွလုပ်ကိုင်ကြစေခြင်းဖြင့် အဖွဲ့အစည်းအတွင်းရှိ မတူညီသောဌာနများကို ပိုမိုနီးစပ်စေကာ ၎င်းတို့အကြားခြားနားချက်များကို လျော့နည်းသွားစေပြီး ဆက်သွယ်ဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်လာစေခဲ့သည်။ လုပ်ငန်းစီးဆင်းမှုအားပိုမိုကောင်းမွန်လာ၍ လုပ်ငန်းပြီးမြောက်မှုလည်း တိုးတက်လာသည်။ မန်နေဂျာများအနေနှင့်လည်း တာဝန်နှင့်လုပ်ပိုင်ခွင့်များ တိုးတက်လာရာ အပိုအလုပ်များ၊ အပိုစီမံခန့်ခွဲမှု levelများ မလိုအပ်ဘဲနှင့်ပင် ဝန်ထမ်းအသစ်များကို လက်ခံလာနိုင်ခဲ့သည်။ ကုမ္ပဏီအတွင်ူ မည်သည်တို့ "ဘုံ"အဖြစ် တည်ရှိနေသည်ကို ပိုမိုသိရှိလာရလေလေ ပို၍ အင်အားတောင့်တင်းကာ စည်းလုံးညီညွတ်လာလေလေပင် ဖြစ်သည်။

စိန်ခေါ်မှုများ

အာခန်ဆက်သွားဆေးခန်း Delta ဆိုသည်မှာ ပါရမီရင့်သန်သောသူများ အများအပြားပါရှိသော အဖွဲ့အစည်းဖြစ်သော်လည်း စီမံခန့်ခွဲမှု အရည်အချင်းဘက်တွင်တော့ လိုအပ်နေသေးသည်များရှိသည်။ အလယ်တန်းမန်နေဂျာများသည် ၎င်းတို့၏ နေ့စဉ်လုပ်ငန်းတာဝန်များကို ဖြည့်ဆည်းဆောင်ရွက်ရန်နှင့် ဝန်ထမ်းများကြား ပဋိပက္ခများကို ဖြေရှင်းရန်အတွက်တော့ လုံလောက်စွာ အဆင်သင့်မဖြစ်ကြသေးပေ။ ထို့ကြောင့် စိတ်မကျေနပ်မှုများ တိုးပွားလာကာ အလုပ်ထွက်မှုနှုန်းလည်း မြင့်တက်လာသည်။

ဖြေရှင်းနည်းများ

ဤတွင်ဒေးကာနေးဂီသင်တန်းဘက်မှ နှစ်ဆင့်စီမံထားသော သင်တန်းအစီအစဉ်ကို အကြုံပြုထောက်ခံခဲ့သည်။ ၎င်းတို့မှာ မန်နေဂျာများအတွက် ဦးဆောင်မှုမွန်းမံသင်တန်းနှင့် တစ်ဦးချင်းစီ၏ ကိုယ်ပိုင်ယုံကြည်ချက်နှင့် ဆက်သွယ်ဆက်ဆံရေးစွမ်းရည်များ မြှင့်တင်ရန် ဒေးကာနေးဂီသင်တန်းတို့ပင်ဖြစ်သည်။ သင်တန်းတက်ရောက်သူများသည် သီအိုရီများကို လက်တွေ့အသုံးချပြီး Delta၏ လုပ်ငန်းဆောင်တာ ထိရောက်စွာပြီးမြောက်နိုင်စွမ်းနှင့် ကုန်ထုတ်လုပ်မှုအား ပိုမိုကောင်းမွန်လာစေရန်အတွက် လုပ်ငန်းပိုင်းဆိုင်ရာနည်းလမ်းကောင်းများလည်း ဖော်ဆောင်ပေးကြရသည်။

ရလဒ်များ

ဒေးကာနေးဂီသင်တန်း၏ အကူအညီကြောင့် Delta Dentalသည် ၎င်း၏လုပ်ငန်းလည်ပတ်မှုဆိုင်ရာများ၊ ကုန်ထုတ်လုပ်နိုင်စွမ်းနှင့် လုပ်ငန်းပြီးမြောင်နိုင်စွမ်းပန်းတိုင်များအတွက် အခွင့်အရေးကောင်းများကို ဖော်ထုတ်ထားရှိနိုင်လာသည်။ ကုန်ကျစရိတ်များလျှော့ချနိုင်လာသည်။ ဝန်ဆောင်မှုပေးအပ်ခြင်းများကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်လာခဲ့သည်။ ဝန်ထမ်းများကလည်း မိမိကိုယ်ကို ယုံကြည်မှုတိုးပွားလာကာ လုုပ်ငန်းထိရောက်စွာဖြစ်ထွန်းမှုလည်း တိုးတက်ခဲ့သည်။ အချင်းချင်း ဆက်သွယ်ဆက်ဆံရေးနှင့် ပူးတွဲဆောင်ရွက်ခြင်းများလည်း ရှင်သန်အောင်မြင်ခဲ့သည်။ ဤသို့ဖြင့် ရလဒ်အနေနှင့် Delta Dentalသည် လုပ်ငန်းလည်ပတ်ခြင်းနှင့် ငွေကြေးအမြတ်အစွန်းပြန်လည် ရရှိမှုများတွင် စံချိန်တင် recordရှိခဲ့သည်။

ဒေးကာနေးဂီသင်တန်းများထက်ကောင်းတာမရှိ၊ သူသည်သာ အကောင်းဆုံးပင်ဖြစ်သည်။ မနှစ်ကဆိုလျှင် ကျွန်တော်တို့ ကုမ္ပဏီသမိုင်းမှာ အကောင်းဆုံးလုပ်ငန်းလည်ပတ်မှုနှစ်၊ အကောင်းဆုံး ဘဏ္ဍာရေးနှစ်နှင့် အကောင်းဆုံး ကုမ္ပဏီကြီးထွားမှုနှုန်းရရှိခဲ့သောနှစ်ဖြစ်ပါသည်။ ယင်းသို့ အောင်မြင်ခဲ့ရခြင်းမှာ ကျွန်တော်တို့လူတွေက အလုပ်တွေအောင်မြင်အောင် လုပ်ဖို့ ကောင်းကောင်းလေ့ကျင့်ပေးခံခဲ့ရပြီး တခြားသူများကိုလည်း ထိုသို့ လုပ်ဆောင်ရန် လှုံ့ဆော်ပေးနိုင်သောကြောင့်ဖြစ်သည်။ ဒေးကာနေးဂီဟာ ဒီလို သင်တန်းပို့ချမှုတွေကို ကမာအနှံ့မှာ လုပ်ဆောင်လျက်ရှိပါတယ်။

Delta Dental - အဒ်ခိုးအေ့၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်၊ Delta Dental Arkansas
: