Last day to register for High Impact Presentations! Register Now

ယင်းကဲ့သို့ အပြိုင်အဆိုင်များလှသော စျေးကွက်ထဲတွင် Coburg အတွက် ရွှေ့စရာအကွက် နည်းပါးလာရာ ကုန်ကျစရိတ်လျှော့ချပစ်ရန်နှင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် စီမံခန့်ခွဲမှုအဖွဲ့အနေနှင့် အတူတကွလုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်လာပြီကို Coburg သတိပြုမိလာသည်။ ဒေးကာနေးဂီသည် Coburgနှင့်အတူ ရည်မှန်းချက်များ ချမှတ်ပေးခဲ့ပြီး ၎င်းတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် customized နည်းလမ်းကို စီစဉ်ပေးခဲ့သည်။ "နောက်ဆုံးရလဒ်ကတော့ ကျွန်တော်တို့ လိုချင်ခဲ့တဲ့အရာ အတိအကျရလိုက်တယ်ဆိုတာကို လူတိုင်းက လက်ခံသဘောတူခဲ့ကြတာပဲ။ ဒါဟာ ဒေးကာနေးဂီသင်တန်းတင် မဟုတ်တော့ဘဲ ဒေးကာနေးဂီ/ Coburg စီမံခန့်ခွဲခြင်းသင်တန်းဖြစ်တယ်ဆိုပြီး လူတိုင်းကခံစားနိုင်ခဲ့တယ်။" လို့ ရက်ခလေကပြောကြားပါသည်။ ရက်ခလေ၏ ပြောစကားအရ Coburg နို့ထွက်ပစ္စည်းလုပ်ငန်း၏ လိုအပ်ချက်များနှင့်အညီ စီစဉ်ပေးထားတဲ့ customized ဒေးကာနေးဂီသင်တန်းသည် Coburg ၏ ရင်းနှီးမြှုပ်နှံမှုကို ပြေလည်စေတာထက်ပိုတဲ့ မြင်တွေ့နိုင်တဲ့ ရလဒ်တွေကို ဆောင်ကျဉ်းပေးခဲ့ပါတယ်။

သူတို့ယခု မည်သို့အောင်မြင်နေကြသည်ကို ဖတ်ရန်

အခုအချိန်မှာတော့ ပြီးခဲ့တဲ့ ၁၀နှစ်တာကာလအတွင်းမှာ ကုန်ကျစရိတ်အလျှော့ချနိုင်ဆုံးနှစ်ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေပါတယ်။ ဒေးကာနေးဂီသင်တန်းမတိုင်ခင်က တခြားပရောဂျက်တွေ၊ ဆောင်ရွက်မှုအချို့တွေလုပ်ဆောင်ခဲ့တာတွေရှိပါတယ်။ သို့သော်လည်း ဒီစီမံခန့်ခွဲမှုသင်တန်းကတော့ ကျွန်တော်တို့အတွက် ငွေကြေးဆိုင်ရာ အကျိုးအမြတ်အများဆုံး ရရှိမယ့် ပရောဂျက်တွေကို ပိုပြီးစူးစူးစိုက်စိုက် လုပ်ကိုင်တတ်လာအောင် အမှန်တကယ် ကူညီပံ့ပိုးပေးခဲ့တယ် ဆိုတာ ကျွန်တော်အခိုင်အမာ ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့ စီမံခန့်ခွဲမှုအဖွဲ့လည်း အဲလိုပဲ ယုံကြည်မယ်လို့ သေချာပါတယ်။ ကျွန်တော်တို့ကို ငွေကြေးပိုင်းအရ အင်အားတောင့်တင်းလာအောင် ပြုလုပ်ပေးမယ့် တိကျသေချာတဲ့ ရည်ရွယ်ချက် ၅ခု၊ ၆ခုလောက် ရရှိခဲ့ပါတယ်။ ဟု သူကပြောပါသည်။

စိန်ခေါ်မှုများ

ယှဉ်ပြိုင်မှုတွေ များပြားပြင်းထန်လွန်းသောကြောင့် Coburg အနေနှင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရန်နှင့် လုပ်ငန်းများကို ပို၍ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် လိုအပ်လာခဲ့သည်။ ထိုမှသာ ယင်းပုပ်သိုးလွယ်သော ကုန်ပစ္စည်းများနှင့် ဝယ်ယူသုံးစွဲမှု margin ကျဉ်းလှသော စျေးကွက်တွင် ဆက်လက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

ဖြေရှင်းနည်းများ

Coburg နှင့် ဒေးကာနေးဂီသင်တန်းသည် လုပ်ငန်းလည်ပတ်သည့် ကုန်ကျစရိတ်လျှော့ချရန် အလို့ငှာ မန်နေဂျာများ၏ ဆက်သွယ်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစွမ်းရည် မြှင့်တင်ရာတွင် အထောက်အပံ့ပေးမည့် customized ဦးဆောင်မှုသင်တန်းအစီအစဉ်ကို ဖော်ဆောင်ခဲ့ပါသည်။

ရလဒ်များ

စီမံခန့်ခွဲသူ မန်နေဂျာများအကြား တိုးပွားလာသော ဆက်သွယ်ဆက်ဆံရေးသည် အခြေခံဝန်ထမ်းအရေအတွက်ကိုလည်း တိုးပွားစေခဲ့ပြီး အဆုံးတွင် Coburg ၏ ကုန်ထုတ်လုပ်မှုပုံစံကိုပါ ဦးဆောင်ပြောင်းလဲပေးခဲ့ပါသည်။ ဤအချက် (၂)ချက်သည် Coburg နို့ထွက်ပစ္စည်းလုပ်ငန်းကို အသားတင်အမြတ်အစွန်းရရှိမှုအရ လတ်တလောသမိုင်းကြောင်းတွင် အကောင်းဆုံးနှစ်တစ်နှစ် ဖြစ်အောင် ပံ့ပိုးပေးခဲ့ပါသည်။

ဒေးကာနေးဂီရဲ့ စီမံခန့်ခွဲမှုသင်တန်းအစီအစဉ်ကို အလေးအနက်ထားအသုံးပြုရန် ကျွန်တော်တို့ ကော်ပိုရိတ်ရုံးကို အခိုင်အမာ အကြံပြုချင်ပါတယ်ခင်ဗျာ။ အဲ့ဒီသင်တန်းဟာ အဖွဲ့လိုက်လုပ်ငန်းဆောင်ရွက်နိုင်ဖို့ ပြုလုပ်ပေးတဲ့ ပတ်ဝန်းကျင်တစ်ခုပါလို့ ကျွန်တော် သူတို့ကို ပြောပြထားပါတယ်။ ပြီးတော့ တက်တဲ့သူတိုင်း သူတို့ ကုမ္ပဏီက ဖြစ်ချင်တဲ့အတိုင်း ဖြစ်နိုင်အောင် တစိုက်မတ်မတ်အားထုတ်ဆောင်ရွက်နိုင်တယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောပြထားပါတယ်။

Coburg - ဂယ်ရီရက်ကလေ၊ အထွေထွေမန်နေဂျာ၊ Coburg နို့ထွက်ပစ္စည်းလုပ်ငန်း
: