Last day to register for High Impact Presentations! Register Now
ဒေးကာနေးဂီသင်တန်းသည် Boyes Turner၏ စီမံကိန်းရေးဆွဲရာတွင် တက်ကြွစွာပါဝင်ခဲ့ပြီး ယင်းကုမ္ပဏီကို "ကုမ္ပဏီအတွင်း ဖောက်သည်/customerများဖြစ်သော ဝန်ထမ်းများကို ကောင်းကောင်းဂရုစိုက်လေလေ ၎င်း၏အပြင် ဖောက်သည်/customer များကိုလည်း ပိုမိုကောင်းမွန်စွာ ဂရုစိုက်နိုင်လေလေ" ဖြစ်ကြောင်းကို သိရှိသဘောပေါက်စေရန် အထောက်အပံ့ပေးခဲ့ပါသည်။ Boyes Turner သည် ၎င်း၏စံသတ်မှတ်ချက်များအတိုင်း တစိုက်မတ်မတ်လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းကြောင့် လုပ်ရိုးလုပ်စဉ်များကို သာလွန်အကောင်းမွန်ဆုံးဖြစ်အောင် အသွင်ကူးပြောင်းပေးနိုင်ခဲ့ပြီး ကုမ္ပဏီ၏ အနာဂတ်အောင်မြင်မှုအတွက်လည်း လမ်းကြောင်းချထားပေးနိုင်ခဲ့သည်။
သူတို့ယခု မည်သို့အောင်မြင်နေကြသည်ကို ဖတ်ရန်
ရလဒ်များအနေနှင့်တော့ အထွေအထူး သက်သေပြရန်ပင်မလိုပါချေ။ Boyes Turners သည် မကြာသေးမီကပင် (ဆန်းဒေးတိုင်းမ်စ် သတင်းစာအရ) ၎င်းနှင့် အဆင့်တူညီသော ကုမ္ပဏီများအကြားတွင် 'လုပ်ကိုင်ဆောင်ရွက်ရန် အကောင်းဆုံး ပြည်တွင်း ဥပဒေကုမ္ပဏီ' ဖြစ်လာခဲ့သည်။ အရှေ့တောင်အာရှဒေသ၌လည်း လုပ်ကိုင်ဆောင်ရွက်ရန် အကောင်းဆုံး ဥပဒေကုမ္ပဏီဖြစ်ခဲ့ပြီး ယူကေရှိ အတက်ကြွဆုံး ဥပဒေကုမ္ပဏီ ၂၀တွင်လည်း ပါဝင်ခဲ့သည် (ဥပဒေစီးပွားရေး)။ Boyes Turner သည် မကြာမီက Lloyds TSB စီမံခန့်ခွဲရေးအဖွဲ့ဆု အတွက် နောက်ဆုံးဇကာတင်စာရင်းလည်း ဝင်ခဲ့သည်။

စိန်ခေါ်မှုများ

ဝန်ထမ်းများနှင့် ၎င်းတို့၏ အသင်းအဖွဲ့အလိုက် ဆောင်ရွက်တတ်သည့် အရည်အချင်းများကို ပြုစုပျိုးထောင်ပေးခြင်းသည် ဥပဒေဆိုင်ရာ ကုမ္ပဏီတစ်ခုတည်ထောင်အောင်မြင်ရန်အတွက် အဓိကသော့ချက် ဧကန်ပင်ဖြစ်ပေသည်။ ကျွမ်းကျင်ဝန်ဆောင်မှုကုမ္ပဏီအများအပြားကတော့ ဤသော့ချက်ကို စမ်းသပ်ကျင့်ကြံကြပါသော်လည်း ၎င်းတို့ထဲမှ အနည်းငယ်ကသာလျှင် အောင်မြင်စွာ အသုံးချနိုင်ကြသေးသည်။

ဖြေရှင်းနည်းများ

စေ့စပ်သေချာစွာ စီစဉ်ထားသော မဟာဗျူဟာတစ်ခုသည် မရှိမဖြစ်လိုအပ်ပါသည်။ ထို့အပြင် အတွေ့အကြုံရှိသော ဒေးကာနေးဂီ လမ်းစဉ်ကို လက်တွေ့ကျင့်သုံးသူက အကူအညီပေးရန်နှင့် အကြံဉာဏ်များကို တိုင်ပင်ဆွေးနွေးရန် အဆင်သင့်အနားမှာ ရှိနေပါလျှင် ဆောင်ရွက်လိုသည်များကို ပို၍ မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပေသည်။ ဒေးကာနေးဂီ၏ သင်တန်းသားလိုအပ်ချက်အလိုက် စီစဉ်ပြင်ဆင်ပေးသည့် နည်းလမ်းသည် စီနီယာမန်နေဂျာများစွာကို ထိရောက်သော လူသားစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ပိုမိုလျင်မြန်စွာ သတိပြုစိတ်ဝင်စားလာစေရန် အကူအညီပေးခဲ့သည်။ ဤမှတစ်ဆင့် ၎င်းမန်နေဂျာများ၏ နည်းပြများ၊ ဆရာများအဖြစ် စွမ်းဆောင်နိုင်စွမ်းများလည်း ပိုမိုတိုးတက်လာခဲ့သည်။

ရလဒ်များ

လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုသည် စီးပွားရေးလုပ်ငန်းတစ်ခု၏ အချက်အချာကျသောအရာဖြစ်လာပြီး အပြောင်းအလဲဖော်ဆောင်ရန် အကောင်းဆုံး ထောက်ပံ့ပေးသော အဓိကသော့ချက်အဖြစ်လည်း အသုံးပြုနေကြပြီ ဖြစ်သည်။ ဤသည်မှာ Boyes Turners ၏တိုးတက်မှုကို အရှိန်အဟုန်မြင့်စေခဲ့ပြီး ကုမ္ပဏီအတွက် ခိုင်မာသော အခြေခံအုတ်မြစ်များကို တည်ဆောက်ထားနိုင်ခဲ့သည်။ ယင်း၏အကျိုးဆက်များကို ၎င်းကုမ္ပဏီ၏ ပိုမို အားကောင်းလာသော ဝန်ဆောင်မှု၊ တိုးတက်များပြားလာသော ဖောက်သည်အရေအတွက်နှင့် တတိယပါတီဖြစ်သော သီးခြားပုဂ္ဂလိကအဖွဲ့အစည်းများ၏ ကောင်းမွန်စွာ သဘောထားရှိမှုများတွင် သိသာထင်ရှားစွာ မြင်တွေ့နိုင်ပါသည်။
ကျွန်တော့်စီးပွားရေးလုပ်ငန်း ကို ယူကေရဲ့ပြည်တွင်း အကောင်းဆုံး ဥပဒေကုမ္ပဏီတွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြုခံရတဲ့ နေရာကိုရောက်အောင် လျှောက်လှမ်းရာမှာ ဒေးကာနေးဂီက အကူအညီအများကြီးပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅နှစ်အတွင်းမှာ ကျွန်တော်တို့ တစ်ဟုန်ထိုး ကြီးထွားတိုးတက်လာခဲ့ပါတယ်။ ပြောရရင်တော့ စတာလင်ပေါင် ၄သန်းကနေ ပေါင် ၁၀သန်းကျော်အထိကို ကြီးထွားခဲ့တာပါ။ အဲ့ဒီလိုတိုးတက်တဲ့ တစ်လျှောက်မှာလည်း ကျွန်တော်တို့ပေးတဲ့ ဝန်ဆောင်မှုပိုင်းမှာ သိသိသာသာ အားကောင်းလာခဲ့သလို ဖောက်သည်ကြီးတွေလည်း တိုးတက်လာခဲ့တယ်ဗျ။
Boyes Turner - အန်ဒရူးချော့ကလေ၊ အမှုဆောင်အရာရှိချုပ်၊ တွဲဖက်ဆောင်ရွက်သူ
: