John Deere Logo

John Deere

John Deere ရဲ့ လုပ်ငန်းယူနစ်တစ်ခုချင်းစီအတွက် လိုအပ်မည့် customized လေ့ကျင့်ရေးသင်တန်းများကို ဒေးကာနေးဂီမှ စီစဉ်ပေးခဲ့ပါသည်။ အရောင်းအဝယ်လုပ်သူများ လုပ်ငန်းခွင်တွင်တွေ့ကြုံနေရသည့် ပြဿနာများအတွက်လုပ်ငန်းနှင့် ဆက်စပ်သော ဥပမာများနှင့် case study များ ပါဝင်သည့် coursework များကို ထိုသင်တန်းအစီအစဉ်များတွင် ပိုမိုတိုးချဲ့လုပ်ဆောင်စေခဲ့သည်။ သင်တန်းအပြီးတွင် Deere ၏ အရောင်းအဝယ်လုပ်သူများသည် သဘောထားများပြောင်းလဲလာပြီး ၎င်းတို့၏ စွမ်းဆောင်နိုင်ရည်များတွင် ယုံကြည်မှုအသစ်များ ရရှိလာခဲ့သည်။

Learn More
Coburg Logo
Coburg Logo

Coburg

ယင်းကဲ့သို့ အပြိုင်အဆိုင်များလှသော စျေးကွက်ထဲတွင် Coburg အတွက် ရွှေ့စရာအကွက် နည်းပါးလာရာ ကုန်ကျစရိတ်လျှော့ချပစ်ရန်နှင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် စီမံခန့်ခွဲမှုအဖွဲ့အနေနှင့် အတူတကွလုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်လာပြီကို Coburg သတိပြုမိလာသည်။ ဒေးကာနေးဂီသည် Coburgနှင့်အတူ ရည်မှန်းချက်များ ချမှတ်ပေးခဲ့ပြီး ၎င်းတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် customized နည်းလမ်းကို စီစဉ်ပေးခဲ့သည်။ "နောက်ဆုံးရလဒ်ကတော့ ကျွန်တော်တို့ လိုချင်ခဲ့တဲ့အရာ အတိအကျရလိုက်တယ်ဆိုတာကို လူတိုင်းက လက်ခံသဘောတူခဲ့ကြတာပဲ။ ဒါဟာ ဒေးကာနေးဂီသင်တန်းတင် မဟုတ်တော့ဘဲ ဒေးကာနေးဂီ/ Coburg စီမံခန့်ခွဲခြင်းသင်တန်းဖြစ်တယ်ဆိုပြီး လူတိုင်းကခံစားနိုင်ခဲ့တယ်။" လို့ ရက်ခလေကပြောကြားပါသည်။ ရက်ခလေ၏ ပြောစကားအရ Coburg နို့ထွက်ပစ္စည်းလုပ်ငန်း၏ လိုအပ်ချက်များနှင့်အညီ စီစဉ်ပေးထားတဲ့ customized ဒေးကာနေးဂီသင်တန်းသည် Coburg ၏ ရင်းနှီးမြှုပ်နှံမှုကို ပြေလည်စေတာထက်ပိုတဲ့ မြင်တွေ့နိုင်တဲ့ ရလဒ်တွေကို ဆောင်ကျဉ်းပေးခဲ့ပါတယ်။

Learn More
Connolly Logo
Connolly Logo

Connolly

ဒေးကာနေးဂီသင်တန်းမှ ပညာရှင်များသည် Connolly ဦးဆောင်မှုအဖွဲ့နှင့် အနီးကပ်ပူးတွဲဆောင်ရွက်ကာ Connolly ၏ စိန်ခေါ်မှုအခက်အခဲများကို ဖြေရှင်းနိုင်မည့် customized တင်ပြပြောဆိုမှု presentation စွမ်းရည်မြှင့်သင်တန်းကို စီစဉ်ဖန်တီးပေးခဲ့ပါသည်။ "ကျွန်တော်တို့ စကားဝိုင်းဆွေးနွေးပွဲပေါင်းများစွာ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ဆီက လူတွေက ပရိတ်သတ် ၁၀၀လောက်ရှေ့မှာထွက်ပြီး တင်ပြပြောဆိုတာမျိုး၊ ဒါမှမဟုတ် မိန့်ခွန်းပြောတာမျိုး သိပ်မလုပ်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ဒီဒေးကာနေးဂီသင်တန်းရဲ့ကဏ္ဍတစ်ခုအနေနဲ့ လူတွေကို စားပွဲစ်လုံးမှာ ဝိုင်းထိုင်စေခဲ့ပြီး တကယ့်အစည်းအဝေးတွေမှာ တင်ပြပြောဆိုတဲ့အတိုင်း ပြုလုပ်စေခဲ့ပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေမှာ မရှိတဲ့၊ လစ်ဟာနေတဲ့ နေရာအတိအကျတွေကို ပြုစုပျိုးထောင်ပေးဖို့အတွက် သင်တန်းကို သူတို့သေချာပြုပြင်စီစဉ်ပေးခဲ့ပါတယ်။

Learn More
Giant Logo
Giant Logo

Giant

Giant ကုမ္ပဏီ၏လိုအပ်ချက်များအတိုင်း အံဝင်ခွင်ကျဖြစ်အောင် စီစဉ်ပေးထားတဲ့ ဒေးကာနေးဂီသင်တန်းရဲ့ customized အစီအစဉ်အတိုင်း လိုက်နာကျင့်သုံးခဲ့ခြင်းကြောင့် Giantရဲ့ ပြောင်းလဲနေသော ဦးစားပေးအရာများကို လိုက်လျောညီထွေဖြစ်အောင် လုပ်ကိုင်တတ်ရန် တစ်ဦးချင်းစီကို ကူညီပေးခဲ့ပါသည်။ ထိုတစ်ဦးချင်းစီကို ၎င်းတို့၏ သက်တောင့်သက်သာရှိသော comfort zoneများမှ ရုန်းထွက်ရန် စိန်ခေါ်ဖို့နှင့် ၎င်းတို့၏ စာသင်ခန်းတွင်းသာမက အုပ်စုအချင်းချင်းများကြား၌ လုံခြုံစိတ်ချရသော အနေအထားဖြင့် လက်တွေ့လုပ်ငန်းတွင် တွေ့ကြံုရသော ပုံစံအမျိုးမျိုးတို့ကို မည်ကဲ့သို့ အလျင်အမြန်တုံ့ပြန်ရမည်ကိုပါ နည်းလမ်းပြသပေးခဲ့ပါသည်။ ဒေးကာနေးဂီသင်တန်းရဲ့ အကူအညီနှင့် Giant အစားအစာလုပ်ငန်းသည် ကုမ္ပဏီ၏ တည်ဆဲရည်မှန်းချက်နှင့်အောင်မြင်မှုများတွင် ဝန်ထမ်းများအားလုံး ပါဝင်နိုင်သော တူညီသည့်စီမံခန့်ခွဲမှု မျှော်မှန်းချက်နှင့် လုပ်ငန်းခွင်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါသည်။

Learn More
Green Mountain Logo
Green Mountain Logo

Green Mountain

ဒေးကာနေးဂီသင်တန်းသည် Green Mountain ၏ ပညာရေးမဟာဗျူဟာအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါသည်။ ဝန်ထမ်းများသည် တစ်ဦးချင်းနှင့် အုပ်စုလိုက်လေ့ကျင့်မှုများ မျှတစွာပါဝင်သော အချိန်တင်းကြပ်သည့် သင်ရိုးညွှန်းတမ်းတွင် နှစ်မြှုပ်သင်ယူခဲ့ကြရသည်။ ကိုယ်တိုင်လေ့လာသိရှိပြီး သင်ယူရခြင်းသည် အဆိုပါသင်တန်း၏ ဝိသေသလက္ခဏာတစ်ရပ် ဖြစ်ခဲ့ပြီး ပထမဆုံးသင်တန်းချိန်ကပင်စ၍ သင်တန်းသားများသည် ၎င်းတို့၏ အေးဆေးသက်သာသောနေရာများမှ တိုးချဲ့ထွက်ခွာရသည်။ စွန့်စားမှုများပြုလုပ်ရသည်။ မိမိကိုယ်ကို၊ မိမိအားသာချက်နှင့် စိတ်အားထက်သန်မှုများကို နားလည်လာအောင် ပြုလုပ်ကြရသည်။ ပို၍အသိအမှတ်ပြုပေးတတ်သော အမြင်နှင့် အကောင်းမြင်တတ်သော သဘောထားတို့ကို မွေးမြူခြင်းအားဖြင့် သင်တန်းသားတို့သည် တခြားသူများအပေါ် ပို၍နက်ရှိုင်းစွာလေးစားတတ်လာပြီး အခြားသူများနှင့် အဖွဲ့တစ်ခုအဖြစ် မည်သို့မည်ပုံ ယှဉ်တွဲလုပ်ကိုင်ရမည်ကို သိရှိလာကြသည်။

Learn More
Fabric Architecture Logo
Fabric Architecture Logo

Fabric Architecture

မန်နေဂျာများအတွက် ဒေးကာနေးဂီ၏ ဦးဆောင်မှုသင်တန်းသည် လုပ်ငန်းဒါရိုက်တာများကို လုပ်ငန်းကြီးထွားတိုးချဲ့ခြင်းအပေါ် အာရုံစူးစိုက်ထား လုပ်ဆောင်စေခြင်းဖြင့် ၎င်းတို့၏ စီမံခန့်ခွဲမှု အရည်အချင်းများကို ပိုမိုအားကောင်းလာအောင် ပြုစုပျိုးထောင်ပေးရန် စီစဉ်အကောင်အထည်ဖော်ထားသော သင်တန်းဖြစ်ပါသည်။ ထို့အပြင် သင်တန်းသား၏ လိုအပ်ချက်အလိုက် ပြင်ဆင်ထားရှိပေးသော ရုံးတွင်းရောင်းချခြင်းဆိုင်ရာသင်တန်းဆိုလျှင်လည်း Fabric ဗိသုကာအဖွဲ့ကို ကိုယ်ပိုင်ယုံကြည်မှုတိုးပွားလာစေခြင်း၊ ၎င်းတို့၏ ဖြေရှင်းနည်းများကို စိတ်အားထက်သန်စွာ တင်ဆက်ပြောဆိုလာနိုင်စေခြင်း၊ စကားဝိုင်းများကို လွှမ်းမိုးလာနိုင်ခြင်းနှင့် ရောင်းချခြင်းများအား ပိုမိုလုပ်ဆောင်လာနိုင်ခြင်း စသည်တို့ကို ဖော်ဆောင်အသက်သွင်းပေးခဲ့ပါသည်။ အဆိုပါ ပြောင်းလဲခြင်းများဆက်လက်၍ ဖြစ်တည်လာသည်နှင့်အမျှ အဓိကအရေးပါသောဝန်ထမ်းများကို ဒေးကာနေးဂီ၏ ထိရောက်သော ဆက်သွယ်ပြောဆိုခြင်းနှင့် လူမှုဆက်ဆံရေးသင်တန်းများ တက်ရောက်ရန် ရွေးချယ်စေလွှတ်ခဲ့ပါသည်။ ထိုသင်တန်းသည် ၎င်းဝန်ထမ်းများအား လူမှုဆက်ဆံရေးအရည်အချင်းများကို ဖန်တီးခိုင်မာလာစေရန်နှင့် တစ်ချိန်တည်းမှာပင် အမြန်နှုန်းဖြင့် အမြဲတစေပြောင်းလဲလျက်ရှိသော လုပ်ငန်းခွင်ရှိ ၎င်းတို့၏ ရာထူးအဆင့်များအတိုင်း စီမံခန့်ခွဲမှုများ လုပ်ဆောင်စေခဲ့ပါသည်။

Learn More
Delta Dental Logo
Delta Dental Logo

Delta Dental

မန်နေဂျာများအတွက် ဦးဆောင်မှုလေ့ကျင့်ရေးသင်တန်းသည် စီနီယာမန်နေဂျာများ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်ရေးစွမ်းရည်များ ပိုမိုတိုးတက်လာခဲ့ပြီး ပရောဂျက်များကို စီမံခန့်ခွဲခြင်း၊ လုပ်ငန်းတာဝန်များ ခွဲဝေပေးခြင်း၊ လက်အောက်ငယ်သားများအား လုပ်ပိုင်ခွင့်ပေးခြင်းတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ပေးလိုက်သည်။ စီနီယာမန်နေဂျာများရော၊ အလယ်ပိုင်းမန်နေဂျာများပါ တက်ရောက်နိုင်သည့် ဒေးကာနေးဂီသင်တန်းသည် သင်တန်းသားတစ်ဦးချင်းစီ၏ မိမိကိုယ်ကိုယုံကြည်ချက်နှင့် ဆက်သွယ်ဆက်ဆံရေးစွမ်းရည်များ တိုးပွားလာစေရန် ဇောက်ချဆောင်ရွက်ပါသည်။ ဒေးကာနေးဂီ၏ လက်တွေ့ဆန်သော၊ အဖွဲ့နှင့်ဆောင်ရွက်ရသော သင်တန်းပို့ချနည်းသည် ခေါင်းဆောင်မှုအဖွဲ့အသစ်ကိုလည်း ပို၍ စည်းလုံးသွားစေသကဲ့သို့ပင် ကုမ္ပဏီအတွက် လုပ်ငန်းဆောင်တာပန်းတိုင်များ ချမှတ်ရာတွင် ပို၍အာရုံစိုက်လုပ်ကိုင်စေနိုင်ခဲ့သည်။

Learn More
Fred Weber Logo
Fred Weber Logo

Fred Weber

ဒေးကာနေးဂီ၏ မန်နေဂျာများအတွက် ဦးဆောင်မှုသင်တန်းသည် ၎င်းတို့ကို အခြားသူများနှင့် အလုပ်လုပ်ရန်နှင့် တစ်ကိုယ်ရည် ဦးဆောင်ဦးရွက်ပြုမှုစွမ်းရည် မြှင့်တင်ရန်အတွက် စနစ်တကျတည်ဆောက်ထားသော လုပ်ငန်းစဉ်ကို ရရှိစေခဲ့ပါသည်။ တစ်နှစ်အတွင်းမှာပင် ဝန်ထမ်း ရ၆ယောက်သည် မန်နေဂျာရာထူးများအတွက် တာဝန်ယူလာနိုင်ကြသည်။ "သူတို့က ဝန်ထမ်းအသစ်တွေ မဟုတ်ပါဘူး။ ဒီလိုဆိုတော့ ကျွန်တော်တို့အတွက် အမှန်တကယ်ကို အကျိုးအမြတ်ဖြစ်ထွန်းတဲ့ သင်တန်းဖြစ်ခဲ့တာသေချာပါတယ်။" ဟု ဂျောဒန်းနိုးကပြောပါတယ်။ ဒီသင်တန်းဟာ ကုမ္ပဏီတစ်ဝန်းရှိ ဝန်ထမ်းတစ်ဦးချင်းစီကို ပူးပေါင်းဆောင်ရွက်စေခဲ့ပြီး အချင်းချင်းဆက်သွယ်ဆက်ဆံရန်နှင့် တစ်ဦးထံမှတစ်ဦး သင်ယူလေ့လာရန် တွန်းအားပေးသော ပတ်ဝန်းကျင်တွင် ထားရှိလုပ်ကိုင်စေခဲ့သည်။ "အဲဒါဘာဖြစ်လို့လဲဆိုတော့ သင်တန်းသားတစ်ဦးချင်းစီဟာ ဒေးကာနေးဂီစာသင်ခန်းမှာ စားပွဲတစ်လုံးထဲမှာ အတူတူထိုင်ရတဲ့အခါကျတော့ ဒီလုပ်ငန်းအတွက် အခွင့်အရေးကောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်တယ်။ ကျွန်တော်တို့အတွက် အရမ်းကို အကျိုးအမြတ်ရရှိခဲ့ပါတယ်။" ဟု တိုနီဂျော်ဒန်းနိုးက ပြောကြားသည်။

Learn More
Hugh Symons Logo
Hugh Symons Logo

Hugh Symons

ဟူဆိုင်မွန်နှင့် ဒေးကာနေးဂီတို့၏ဆက်ဆံရေးသည် လုပ်ငန်းမန်နေဂျာဘော့ဘ်ဆွိလဗ်နှင့် တစ်ဦးချင်းဆက်ဆံရေးအဖြစ်နှင့်သာ စတင်ခဲ့ပါသည်။ ဤကနဦးအတွေ့အကြုံအရ ဆွိလဗ်သည် စျေးကွက်ပြန်လည်တည့်မတ်ရေးကာလဖြစ်သော ထိုအချိန်တွင် ဒေးကာနေးဂီသင်တန်းမှ ဟူးဆိုင်မွန်အတွက် ပေးစွမ်းနိုင်သောတန်ဖိုးကို သတိပြုသိရှိခဲ့သည်။ ယင်းနောက်တွင် သူသည် မန်နေဂျာများအားလုံးကို အဖွဲ့မန်နေဂျာများအတွက် ဒေးကာနေးဂီဦးဆောင်မှုစွမ်းရည်မြှင့်သင်တန်းကို စတင်တက်ရောက်စေခဲ့သည်။ ဆွိလဗ်၏ပြောကြားချက်အရ မန်နေဂျာများအတွက် ဒေးကာနေးဂီဦးဆောင်မှုစွမ်းရည်မြှင့်သင်တန်းသည် ဦးဆောင်လွှမ်းမိုးခြင်းနိဿယများရော၊ ပိုမိုအောင်မြင်အောင် လုပ်ဆောင်နိုင်ရန်အတွက် လက်တွေ့ကိရိယာများကိုပါ ပေးစွမ်းခဲ့ပါသည်။ "အဲဒီသင်တန်းဟာ ကျွန်တော်တို့ရဲ့ မန်နေဂျာတွေကိုစီမံခန့်ခွဲမှု နည်းနိဿယတွေကို ပြင်ပလောကမှာပါ ကောင်းစွာအသုံးပြုနိုင်တဲ့ စွမ်းရည်ကို ရရှိစေခဲ့ပါတယ်။"

Learn More