တည်နေရာရွေးရန်
တည်နေရာရွေးရန်
Last day to register for High Impact Presentations! Register Now
In Person Iconလူကိုယ်တိုင်
Leadership
Dale Carnegie သင်ရိုး

ဒေးကာနေးဂီ သင်တန်း : အခမဲ့ ကဏ္ဍ

ဤသင်တန်းတွင် ယနေ့စီးပွားရေးနယ်ပယ်၌ ကျင်လည်ကျက်စားရာတွင် လိုအပ်သော ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ စွမ်းရည်များကို ကျွမ်းကျင်ပိုင်နိုင်စေရန် ကူညီပေးပါမည်။
သင်တန်းခေ ါင်းစဉ်များလည်းပါဝင်ပါသည်:
လူမှုဆက်ဆံရေး စွမ်းရည်
FREE!
သင်တန်းအကြောင်း

ဤသင်တန်းတွင် ယနေ့စီးပွားရေးနယ်ပယ်၌ ကျင်လည်ကျက်စားရာတွင် လိုအပ်သော ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ စွမ်းရည်များကို ကျွမ်းကျင်ပိုင်နိုင်စေရန် ကူညီပေးပါမည်။ အချိန်ကြာမြင့့်စွာ သက်သေပြထားပြီးဖြစ်သော နည်းလမ်းများဖြင့် သင့် ကိုယ်တွင်းမှ စွမ်းရည်များကို ပေါ်ထွက်လာစေပါမည်။ သင့်ကို စည်းရုံးရေးကောင်းသူတစ်ယောက်၊ ပြဿနာများကို သိမ်မွေ့စွာဖြေရှင်းတတ်သူ တစ်ယောက် ၊ ရည်ရွယ်ချက်မြင့်မားသော ခေါင်းဆောင်တစ်ယောက် ဖြစ်လာစေရန်အတွက် မရှိမဖြစ်လိုအပ်သော ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိလာစေရန် ကူညီသွားပါမည်။ ထို့အပြင် သင့်ရဲ့ အမိန့်ပေးနိုင်စွမ်းကိုလည်း အားကောင်းလာစေရန် နည်းလမ်းများပြသပေးသွားမည် ဖြစ်ပါသည်။

သင်လေ့လာသင်ယူရမည့် အရာများ

သင်သည် ယခင်ကထက်ပို၍ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိရှိ၊ ရှင်းရှင်းလင်းလင်း ၊ တိတိကျကျ၊ စိတ်ဝင်တစားဖြင့် ပေါင်းသင်းဆက်ဆံံတတ်လာပါလိမ့်မည်။ ပရိသတ်ကို တက်တက်ကြွကြွဖြင့် ချိတ်ဆက်ပါဝင်လာစေပြီး လိုက်ပါလုပ်ဆောင်ရန်အထိပါ စည်းရုံးနိုင်လာပါလိမ့်မည်။ အချင်းချင်းယုံကြည်မှုတည်ဆောက်ပေးခြင်း နှင့် ဆက်ဆံရေးများပိုမိုအားကောင်းစေပြီး သင့်ရဲ့လုပ်ငန်းခွင်အတွင်း ကိုယ့်ကိုယ်ကိုယုံကြည်မှု နှင့် ခွန်အားတက်ကြွမှု များကို ဖန်တီးရန် ပိုမိုအားစိုက်နိုင်လာပါလိမ့်မည်။

ပိုမိုပြသပါ
Show Less

သင်ဘာကြောင့် ဤသည်ကိုသင်ယူချင်ရသည်

ဤသင်တန်းကို မည်သည့်နယ်ပယ်မှမဆို၊ မည်သည့် အဆင့်အတန်းမှမဆို ၄င်းတို့၏ စွမ်းဆောင်ရည်များကို မြှင့်တင်ခြင်း၊ ယုံကြည်ချက်ရှိရှိဦးဆောင်နိုင်ခြင်း၊ ကိုယ်လိုချင်သည့် အကျိုးအမြတ်ရရှိအောင်ကြိုးပမ်းခြင်းတို့တွင် အထောက်အကြူပုရန် ပြင်ဆင်ထားပါသည်။ ကိုယ့်ဘက်ပါအောင်ပြောဆို်နိုင်ခြင်း၊ အတွေးအမြင်များကိုရှင်းလင်းစွာတင်ပြနိုင်ခြင်း နှင့် ရှည်ကြာသောဆက်ဆံရေးများကိုပျိုးထောင်နိုင်ခြင်း တို့၏ စွမ်းအင်များကို ရှာဖွေဖော်ထုတ်ပေးပြီး သင့်အတွက် အောင်မြင်မှုအခြေခံအုတ်မြစ်ကို တည်ဆောက်ပေးသွားမည်ဖြစ်သည်။ အတိုချုပ်ဆိုရသော် ဤသင်တန်းသည် သင့်ကို ယနေ့လုပ်ငန်းခွင်နယ်ပယ်တွင် ပိုမို ကျွမ်းကျင်သော၊ ယုံကြည်မှုရှိသော၊ စိတ်မာန်တက်ကြွသော ခေါင်းဆောင်တစ်ယောက်ဖြစ်စေရန် နည်းလမ်းမြောက်မြားစွာ ပေးစွမ်းမည်ဖြစ်ပါသည်။

ပိုမိုပြသပါ
Show Less

သင့်ကို မည်သို့ ကူညီပေးမည်

အနှစ်ချုပ်အားဖြင့် ဆိုရလျှင် ဤဒေးကာနေးဂီသင်တန်းသည် သင့်ကို ပေါင်းသင်းဆက်ဆံရေးပိုကောင်းသူတစ်ယောက်ဖြစ်လာစေပြီး လုပ်ငန်းခွင်တွင် အရေးပါသောသူတစ်ယောက်ဖြစ်လာစေရန် ရည်ရွယ်ပါသည်။ သင်ဟာ စည်းရုံးရေးကောင်းသူ၊ ဖိအား နှင့် အပြောင်းအလဲကို အလွယ်တကူ စီမံခန့်ခွဲနိုင်သူတစ်ယောက်ဖြစ်လာပြီး အများက လေးစားအားကျစေနိုင်သူတစ်ယောက်အဖြစ် သင်ဟာသင့်ကိုယ်သင် မြင်လာနိုင်ပါလိမ့်မည်။ ဤရလဒ်များဟာ သိသာထင်ရှားပြီး ရေရှည်သက်ရောက်မှုလည်းရှိပါသည်။

ပိုမိုပြသပါ
Show Less
Select the best option for you:
မည်သည့် ဘာသာစကား
တည်နေရာရွေးရန်
မေးခွန်းများရှိပါသလား။ မေးလိုက်ပါ
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.
တင်သွင်းပါ
စာမျက်နှာကို ပုံနှိပ်ထုတ်မည်
မျှဝေရန်
Select the best option for you:
မည်သည့် ဘာသာစကား
တည်နေရာရွေးရန်
မေးခွန်းများရှိပါသလား။ မေးလိုက်ပါ
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.
တင်သွင်းပါ
Questions?
: