Last day to register for High Impact Presentations! Register Now

ခေါင်းဆောင်မှု၏ သတိမမူမိသည်များကို သတိထားမိခြင်း

ဤ White Paper ၏ အကျိုးကျေးဇူး

သုတေသနအရ ခေါင်းဆောင်များတွင်လည်း သတိမမူမိသည်များရှိနိုင်ပြီး ၄င်းတို ့သည် လုပ်ငန်းအတွက် ဒုက္ခပေးနိုင်ပါသည်။ ၀မ်းနည်းစွာဖြင့် ခေါင်းဆောင်အများစုသည် သူတို ့၏ မျှော်မှန်းချက် ကို အပြည့်အဝ ယုံကြည်ကြသောကြောင့် အမှားများကို မြင်နိုင်ရန် ခက်ခဲသည်။ ဤစာတမ်းသည် (၀န်ထမ်းများကို စာရင်းကောက်ယူမှုများက ထောက်ပံ့ပေးထားသည်) သတိမမူမိသည်များကို ရှာဖွေရန်နှင့် ၄င်းတို ့ကို ကိုင်တွယ်ရန် ထိရောက်သော အဖြေများကို ပေးထားပါသည်။

သင်မည်သည်ကို သင်ယူရမည်

ခေါင်းဆောင်မှုသည် အနာဂတ်အမြင်၊ မဟာဗျူဟာမြောက်တွေးခေါ်မှု၊ ငွေရေးကြေးရေးပါးနပ်မှု စသည်ဖြင့် လိုအပ်သော ရှုပ်ထွေးသည့် နည်းနာတစ်ခုဖြစ်ပါသည်။ Employee Engagement အတွက်လိုအပ်သော ခေါင်းဆောင်မှု အမူအကျင့်များတွင် ခေါင်းဆောင်များ၏သတိမမူမိသည်ျားကို ညွှန်ပြပေးသော အဆင့်မြင့် တွေ ့ရှိမှု ၄ချက်ရှိပါသည်။ ၄င်းသတိမမူမိသည်များကို လေ့လာပြီး ပြောင်းလဲမှုအနည်းငယ်သည် ပိုမိုခိုင်မာသော Employee Engagement ကို မည်သို ့ပေးနိုင်ကြောင်း ရှာဖွေပါ။

သင်ဘာ့ကြောင့်ဤ White Paper ကို လိုအပ်သည်

ခေါင်းဆောင်များသည် သူတို ့၏ သတိမမူမိသည်များကို ကျော်လွှားနိုင်သော အခါ ယခင်က မမြင်တွေ ့သောကြောင့် အသိအမှတ်မပြု လျစ်လျူရှုခဲ့မိသည့်အချိန်ထက် ၀န်ထမ်းများသည် အလုပ်တွင် ပိုမိုကျေနပ်ပါလိမ့်မည်။ ကျေနပ်သောဝန်ထမ်းများသည် အလုပ်မြဲရန် ပိုသေချာပြီး စွမ်းဆောင်ရည်လည်းမြင့်မားကာ အမြတ်ကို တိုးတက်စေပါသည်။ လိုလားအပ်သော အမူအကျင့်နှင့် လက်ရှိအမူအကျင့် ကြားကခြားနားချက်ကို မြင်သောခေါင်းဆောင်များသည် ပြုပြင်ရန်လိုအပ်သောနေရာများကို ထောက်ပြကိုင်တွယ်နိုင်ပြီး ၀န်ထမ်းများ၏ အလုံးစုံ အတွေ ့အကြုံသည် သိသိသာသာတိုးတက်လာအောင် လုပ်ပေးနိုင်ပါသည်။

သင်ဤ White Paper ကို မည်သို့အသုံးချနိုင်သည်

ခေါင်းဆောင်မှု၏ သတိမမူမိသည််များကို တက်နိုင်သလောက် ဖယ်ရှားပါ။ ၄င်းတို ့ဘာဆိုသည်ကို အသိအမှတ်ပြု ပြီး ပြောင်းလဲရန် ကြိုးစားပါ၊ ဤပွင့်လင်းသော ကိုယ့်ကိုယ်ကို သုံးသပ်မှုမှတစ်ဆင့် ခေါင်းဆောင်များသည် သူတို ့ကို မျှော်လင့်ထားသော လုပ်ငန်း၏ ထူးခြားသော ပိုင်ဆိုင်မှုဖြစ်လာပါလိမ့်မည်။

ခေါင်းဆောင်မှု၏ သတိမမူမိသည်များကို သတိထားမိခြင်း
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.
ယခုပင် ဒေါင်းလုဒ်ရယူရန်
: