Arrow LeftBack
Icon လူတွေ့သင်တန်း

မန်နေဂျာများအတွက် ခေါင်းဆောင်မှုသင်တန်း - ၃ ရက်တာသင်တန်း

In Person

အဖွဲ့ဝင်များအနေဖြင့် ၄င်းတို့၏ လုပ်နိုင်စွမ်းများကို ယုံကြည်မှု၊ အောင်မြင်မှုရရှိအောင် ပြုလုပ်နိုင်စွမ်းရှိမှု၊ လိုအပ်များရအောင် စွမ်းဆောင်နိုင်မှု၊ တမူထူးခြားစွာလုပ်နိုင်စွမ်းရှိမှု စသည်တို့ဖြစ်ပေါ်လာအောင် အချင်းချင်း ချိတ်ဆက်ပါဝင်မှုပုံစံတစ်ခု တည်ဆောက်နိုင်ရန် သင်ကြားပေးသွားမည်ဖြစ်ပါသည်။ လုပ်ငန်းတိုင်း၏ တစ်ခုတည်းသော စဉ်ဆက်မပြတ်ရှိနိုင်သော နှို်င်းရ အားသာချက်မှာ ဝန်ထမ်းများ၏ ဆန်းသစ်တီထွင်မှု နှင့် ဖန်တီးနိုင်မှုစွမ်းရည်ပင်ဖြစ်ပါသည်။ ဤသင်တန်းတွင် အဖွဲ့ဝင်များကို ချိတ်ဆက်ပါဝင်မှုအားကောင်းအောင် ပြုလုပ်ပြီး ၄င်းတို့၏ ထုတ်လုပ်နိုင်စွမ်းကို မည်သို့ မြှင့်တင်ပေးနိုင်မည်ကို သင်ကြားပေးသွားမည်ဖြစ်ပါသည်။

နေ့စွဲနှင့် သင်တန်းနေရာများကြည့်ရန်
Head with lightbulb

သင်လေ့လာသင်ယူရမည့် အရာများ

တစ်ဦးချင်းခေါင်းဆောင်မှု နှင့် အဖွဲ့အစည်းဆိုင်ရာခေါင်းဆောင်မှုတို့၏ ကွဲပြားပုံကို သိရှိလာပါမည်။ ရည်မှန်းချက်ပန်းတိုင်များကို လျှောက်လှမ်းရန်နည်းလမ်းများ၊ ထိရောက်သော သင်တန်းပေးခြင်း နည်းလမ်းများ၊ ဝန်ထမ်းများကို အားကိုးအားထားပြုနိုင်အောင် ပျိုးထောင်ခြင်း၊ စိတ်အားထက်သန်မှု မြင့်မားလာခြင်း၊ ဆန်းသစ်တီထွင်မှု နှင့် လူတစ်ဦးချင်းစီ၏ စွမ်းရည်များကို အသိအမှတ်ပြုခြင်းစသည်တို့ကိုလည်း သင်ယူနိုင်ပါသည်။

Open book

သင်ဘာကြောင့် ဤသည်ကိုသင်ယူချင်ရသည်

အောင်မြင်သည့် ခေါင်းဆောင်များအနေဖြင့် ၄င်းတို့၏ အဓိကအကျိုးအမြတ်များရရှိရန်အတွက် အဖွဲ့သားများ ချိတ်ဆက်ပါဝင်မှုအားကောင်းရန် အရေးကြီးသည်ကို သိရှိကြပါသည်။ Dale Carnegie နှင့် MSW/ASr မှ ပြုလုပ်သော လေ့လာမှုတစ်ရပ်အရ အဖွဲ့အစည်း၏ လုပ်ငန်းရည်မှန်းချက်ပန်းတိုင်များကို ချဉ်းကပ်ရာတွင် စိတ်အားထက်သန်မှု၊ အတုယူလိုစိတ်ပြင်းပြမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု နှင့် စွမ်းရည်ပြည့်ဝမှု တို့သည် အရေးကြီးသော စိတ်ခံစားချက် ၄ ရပ်ပြီး တစ်ခုနှင့် တစ်ခု ချိတ်ဆက်မှုရှိရန် အရေးကြီးသည်ဟု တွေ့ရှိရပါသည်။ ဤသင်တန်းတွင် ခေါင်းဆောင်များအနေဖြင့် ၄င်းတို့၏ အဖွဲ့အစည်းကို အခြေအနေအပေါ်မူတည်၍ တိုးတက်အောင် မောင်းနှင်ပြီး လုပ်ငန်း၏ အဓိကအကျိုးအမြတ်များကို ရရှိအောင်မည်သို့လုပ်ဆောင်ရမည်ကို သင်ကြားပေးသွားမည်ဖြစ်ပါသည်။

Person standing next to flag

သင့်ကို မည်သို့ ကူညီပေးမည်

ဤသင်တန်းသည် သင့်အဖွဲ့အစည်းနှင့် အတူတူ သင့်ရဲ့ ခေါင်းဆောင်မှုပုံစံကို တိုးတက်လာစေရန် အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာ နှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင်လည်း အထောက်အကူပြုပေးနိုင်မည်ဖြစ်ပါသည်။ အရေးအကြီးဆုံးအနေဖြင့် သင့်အား လုပ်ငန်း၏ ရည်မှန်းချက်ပန်းတိုင်များကို ရယူရာ နှင့် ထို့ထက်ပို၍ အောင်မြင်အောင်စွမ်းဆောင်ရန် စိတ်အားထက်သန်သည့် အဖွဲ့သားများပါဝင်သော စည်းလုံးညီညွတ်ပြီး ထိရောက်မှုရှိသော အဖွဲ့ကို တည်ဆောက်နိုင်ရန် ကူညီပေးသွားမည်ဖြစ်ပါသည်။

ဖွင့်တော့မည့် သင်တန်းများ၏ ရက်စွဲ

သင့်ဒေသတစ်ဝိုက်ရှိ သင်တန်းများ၏ ရက်စွဲများအားရှာဖွေရန် အထက်ပါတည်နေရာအား ရွေးချယ်ပါ။ 

သင့်အတွက်အဆင်ပြေစေမည့် ရက်စွဲအား ရှာမတွေ့ဘူလား။ သင့်အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့အတွက် ဤအစီအစဉ်အား ပို့ချလိုပါသလား။ နောက်ထပ်အချက်အလက်များ သိရှိရန် ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။

Thank you! A representative will contact you shortly about your inquiry.