Arrow LeftBack
Icon လူတွေ့သင်တန်း

စီးပွားရေးမှ စီးပွားရေးပဲ - ဒေးကာနေးဂီ Immersion Seminar

In Person

အများစုက ၄င်းတို့၏ လုပ်ငန်းအသီးသီးကို တိုးတက်အောင်လုပ်နိုင်သည့် မရှိမဖြစ်စွမ်းရည်များ ပိုင်ဆိုင်နေသည်ဟု ထင်မြင်ယူဆချိန်တွင် ဤအတွေ့အကြုံဖြင့် အကောင်းဆုံးနှင့် အထူးချွန်ဆုံးသူများပင်လျှင် ပိုမိုကြီးပွားတိုးတက်နိုင်ရန် အခွင့်အလမ်းများကို ကြိုးစားရှာဖွေနေကြပါသည်။ နယ်ပယ်အသီးသီးမှ အားကျဖွယ်ကောင်းသော ခေါင်းဆောင်များသည် လူအများနှင့် ဆက်သွယ်ပြောဆိုရန်ကြိုးပမ်း၍ ပိုမိုမြင့်မားသည့် ထုတ်လုပ်နိုင်စွမ်းရှိအောင် ပြုလုပ်ကြသည်။ ဤဆွေးနွေးဖလှယ်ပွဲသည် မိမိ၏ စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားနေသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ကမ္ဘာ့ခေါင်းဆောင်များ၊ အားကစားသမားများ နှင့် ဖျော်ဖြေရေးသမားများအတွက် ဘဝကို အလှည့်အပြောင်းဖြစ်စေနိုင်သည့် ပွဲတစ်ပွဲဖြစ်ပါသည်။

နေ့စွဲနှင့် သင်တန်းနေရာများကြည့်ရန်
Head with lightbulb

သင်လေ့လာသင်ယူရမည့် အရာများ

ဆက်ဆံပြောဆိုရာတွင် ဆရာတစ်ဆူဖြစ်အောင်ကြိုးစားပါ။ သို့မှသာ အများကို သြဇာညောင်း၍ အရေးကြီးသော ဆက်ဆံရေးများကို ပိုမိုအားကောင်းစေနိုင်မည်ဖြစ်ပါသည်။ စိန်ခေါ်မှုများနှင့် အပြောင်းအလဲများအပေါ်တွင် အကောင်းမြင်တတ်သော သဘောထားကို ထိန်းသိမ်းထားနို်င်ရန် နည်းလမ်းများကို ရှာဖွေပြီး ပဋိပက္ခများကို ကောင်းစွာဖြေရှင်းပါ။ သင့် အသက်မွေးပညာကို အားအင်ဖြည့်တင်းရန် နည်းလမ်းများရှာဖွေပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်၍ ကိုယ့်ယုံကြည်ရာကို တားဆီးနိုင်သည့်အရာများကို ချေဖျက်၍ မိမိကိုယ်တိုင်အလိုရှိသော အရှည်သဖြင့် ကောင်းမွန်မည့် အနာဂတ်ကို ဖန်တီးပါ။

Open book

သင်ဘာကြောင့် ဤသည်ကိုသင်ယူချင်ရသည်

ဤဆွေးနွေးပွဲတွင် ယနေ့ခေတ် ပြိုင်ဆိုင်နေသော လုပ်ငန်းခွင်အတွက် လိုအပ်သည့် စွမ်းရည်များကို ကျွမ်းကျင်ပိုင်နိုင်ရန် ကူညီဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။ လူအများကို ပရော်ဖက်ရှင်နယ်ကျကျ ကိုင်တွယ်နိုင်စွမ်းရှိပြီး လျင်မြန်စွာပြောင်းလဲနေသော လုပ်ငန်းခွင်အခြေအနေများနှင့် ရင်ဘောင်တန်း လိုက်နိုင်လာရန် လမ်းညွှန်ပေးသွားမည်ဖြစ်ပါသည်။ ဤသင်တန်းသည် မိမိတို့လုပ်ငန်းနယ်ပယ် အသီးသီးတွင် အောင်မြင်သူ ချန်ပီယံများဖြစ်ချင်စိတ်ပြင်းပြသူတွေအတွက် အထူးကောင်းမွန်သော သင်တန်းဖြစ်ပါသည်။

Person standing next to flag

သင့်ကို မည်သို့ ကူညီပေးမည်

ဤသင်တန်း ပြီးဆုံးသွားပါက သင့်အနေဖြင့် ခွန်အားပြည့် ပြန်လည်တက်ကြွလာပြီး အနာဂတ်အတွက် ကောင်းစွာပြင်ဆင်ထားသူ လူအသစ်တစ်ယောက်အဖြစ် ခံစားရလာပါလိမ့်မည်။ ထို့အပြင် ယင်း ခံစားမှုအသစ် ပုံစံကို အားပြည့်အင်ပြည့်ဖြင့် အကောင်အထည်ဖော်နိုင်ရန် အစီအစဉ် တစ်ခုပါ ချမှတ်နိုင်မည်ဖြစ်ပြီး ယနေ့ခေတ် ဇာတ်ခုံပေါ်တွင် အဓိကအခန်းကဏ္ဍမှနေ၍ လှုပ်ရှားနိုင်လာမည်ဖြစ်ပါသည်။ ဒီ ၃ ရက်တာကာလကို လုပ်ငန်းခွင်ကျွမ်းကျင်မှုစွမ်းရည်များ ပြန်လည်နိုးထရာ ၃ ရက်တာဟု သတ်မှတ်လိုက်ပါ။

ဖွင့်တော့မည့် သင်တန်းများ၏ ရက်စွဲ

သင့်ဒေသတစ်ဝိုက်ရှိ သင်တန်းများ၏ ရက်စွဲများအားရှာဖွေရန် အထက်ပါတည်နေရာအား ရွေးချယ်ပါ။ 

သင့်အတွက်အဆင်ပြေစေမည့် ရက်စွဲအား ရှာမတွေ့ဘူလား။ သင့်အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့အတွက် ဤအစီအစဉ်အား ပို့ချလိုပါသလား။ နောက်ထပ်အချက်အလက်များ သိရှိရန် ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။

Thank you! A representative will contact you shortly about your inquiry.