Icon/In Person/Turqiousလူကိုယ်တိုင်
Back
Leadership Training
Dale Carnegie သင်ရိုး

ထိထိရောက်ရောက် လူမှုပေါင်းသင်းဆက်ဆံရေးများ / အောင်မြင်မှုအတွက် စွမး်ရည်များ

ဤသင်တန်းတွင် မည်သည့်အခြေအနေ၌မဆို ရှိထားရန်လိုအပ်သော လူမှုဆက်ဆံရေးစွမ်းရည်များကို သင်ကြားပေးသွားမည်ဖြစ်ပါသည်။
ဘာသာစကား: Burmese

ဤသင်တန်းတွင် မည်သည့်အခြေအနေ၌မဆို ရှိထားရန်လိုအပ်သော လူမှုဆက်ဆံရေးစွမ်းရည်များကို သင်ကြားပေးသွားမည်ဖြစ်ပါသည်။ အချင်းချင်း ယုံကြည်ရမှု နှင့် လေးစားမှုတို့အပေါ်တွင်အခြေတည်သော ပိုမိုရင်းနှီး၍ ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်သော ဆက်ဆံရေးများ တည်ဆောက်ရန်နည်းလမ်းများကို ရရှိမည်ဖြစ်ပါသည်။ သင့်ကိုယ်သင် ယုံကြည်မှုကိုပိုမိုတိုးတက်လာစေပြီး အခြားသူများနှင့် ဆက်ဆံရာတွင် ပြောရဲဆိုရဲရှိမှုကြောင့် သင့်ရဲ့ ကိုယ်ပိုင်ဘဝ နှင့် လုပ်ငန်းနယ်ပယ်တွင် ပိုမိုမြင့်မားသော အခြေအနေများကို ရောက်ရှိရန် လိုအပ်သည့် လွှမ်းမိုးနိုင်စွမ်းကို ရရှိနိုင်မည်ဖြစ်ပါသည်။

သင်လေ့လာသင်ယူရမည့် အရာများ

လူအများ၏ ယုံကြည်မှုကိုရအောင် တည်ဆောက်ရန် နှင့် ၄င်းတို့ကို လိုက်ပါဆောင်ရွက်လာအောင် စည်းရုံးနိုင်ရန်နည်းလမ်းများကို သိလာပါလိမ့်မည်။ တက်တက်ကြွကြွရှိသော ကိုယ်ဟန်တစ်ခုရှိရန်၊ ယုတ္တိရှိရှိ၊ ရှင်းရှင်းလင်းလင်း နှင့် တိတိကျကျ ဆက်သွယ်ပြောဆိုတတ်ရန်၊ နားထောင်သူများကို စိတ်ဝင်စားပြီး တက်ကြွလာစေမည့်နည်းလမ်းများကို ရရှိပါမည်။ စိတ်ဖိစီးမှုကို ကိုင်တွယ်ရန် နှင့် ပူပန်မှုကို လျှော့ချရန်၊ အကောင်းမြင်အတွေးများကို အားပေးရန် နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို တစိုက်မတ်မတ်လုပ်ဆောင်ရန် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်ပါလိမ့်မည်။

သင်ဘာကြောင့် ဤသည်ကိုသင်ယူချင်ရသည်

သြဇာညောင်းသော ဆက်ဆံရေးသမားတစ်ယောက်၊ အခက်အခဲဖြေရှင်းနိုင်သူတစ်ယောက်၊ ဦးတည်ချက်ရှိသော ခေါင်းဆောင်တစ်ယောက် အဖြစ် ရပ်တည်နိုင်ရန်အတွက် သင့်ကို ကူညီသွားမည်ဖြစ်ပါသည်။ လူအများနှင့် ဆက်ဆံရေးများ ပိုမိုအားကောင်းစေရန်၊ စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်ရန် နှင့် လျင်မြန်စွာပြောင်းလဲနေသော လုပ်ငန်းခွင်အခြေအနေများကို ရင်ဆိုင်နိုင်ရန် နည်းလမ်းများကို သင်ကြားပေးပါမည်။ ထို့အပြင် မိမိကိုယ်ကို ယုံကြည်မှု နှင့် စိတ်ခွန်အားပြင်းပြမှုတို့ အပေါ်အခြေခံသော တာဝန်ယူနိုင်မှု လည်း တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

သင့်ကို မည်သို့ ကူညီပေးမည်

ရှုပ်ထွေးသော စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည်။ နည်းလမ်းသစ်များကို ရှာဖွေနိုင်လာမည်။ အသင်းအဖွဲ့အတွင်း ဟန်ချက်ညီမှု တည်ဆောက်ရာတွင် ကျွမ်းကျင်လာမည်။ သင်ယူထားသော နည်းလမ်းသစ်များဖြင့် ပိုမို စည်းရုံးနိုင်အားကောင်းသော ဆက်ဆံရေးသမားတစ်ယောက်၊ လုပ်ငန်းခွင်က တန်ဖိုးထားရသောသူတစ်ယောက်ဖြစ်အောင် ဖန်တီးလာနိုင်မည်။ သင်သည် အလိုအလျောက် လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ယောက် ဖြစ်လာသည့်အခါ အခြားသူများကိုလည်း ကိုယ်တိုင် ဦးဆောင်နိုင်သူ ၊ တွေးခေါ်ဖန်တီးနိုင်သူများဖြစ်ချင်လာအောင် ပြုလုပ်ပေးနိုင်သည့် လေးစားအားကျဖွယ်ကောင်းသူတစ်ယောက်အဖြစ် သင့်ကိုယ်သင် တွေ့ရှိလာရပါလိမ့်မည်။

Print This Page
မျှဝေရန်
0 Results. No location selected.
Selecting a location will allow you to see all the possible events for this course. Expand your locations for even more results!
တည်နေရာရွေးရန်
မေးခွန်းများရှိပါသလား။ မေးလိုက်ပါ
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.
တင်သွင်းပါ

ကျွန်ုပ်တို့၏ သတင်းလွှာကိုရယူပါက မျက်မှောက်ကာလအခြေအနေများကို ပိုမိုလွယ်ကူစွာ သိရှိနိုင်မည်ဖြစ်ပါသည်။

©2021 Dale Carnegie & Associates, Inc., All Rights Reserved.
Dale Carnegie Logo
This website uses cookies to enhance your browsing experience. For more information view our Privacy Policy.